"သောက်ရေးမပါတာကွာ!!! မင်းရူးနေပြီလား"
Hoseokစိတ်တိုလွန်းလို့ အော်ဟစ်ပစ်လိုက်တဲ့အသံက အိမ်ထဲမှာ ပဲ့တင်ထပ်ကာဆူညံသွားလေ၏။
Jungkookကတော့ ထုံပေပေမျက်နှာပေးနဲ့ lolipopက ဆက်ငုံထားဆဲ။
Hoseok၏ ဒေါသများအထိန်းအကွပ်မဲ့စွာပေါက်ကွဲခဲ့တော့မိလေပြီ။
ထိုင်နေသည့်ခုံပေါ်မှ ဝုန်းခနဲထရပ်ကာ ထိုခုံအား အားဖြင့်ဆောင့်ကန်ထည့်လိုက်သည်။
Jungkookရဲ့ထုံပေပေမျက်နှာပေးက သူ့ဒေါသကိုလောင်စာဖြည့်ပေးနေလေသည်။
ယောကျာ်းတစ်ယောက်ထံမှ လပ်ထက်ခွင့်အတောင်းခံလိုက်ရခြင်းက သူ့ရဲ့မာနကိုထိပါးစော်ကားလိုက်ခြင်းပင်။
ဘာမလို့လဲ။ Jeon Jung Kookက ဘာမလို့ ဒီလောက်အထိစိတ်အနှောင့် အယှက်ပေးနိုင်ရတာလဲ။
Hoseok လက်တွေက Jungkookရဲ့ အင်္ကျီကော်လံကို အားပါပါဆွဲထားရင်း"ဘာလဲ မင်းငါ့ကိုဘာထင်နေလဲ မင်းစိတ်တိုင်းကျ
လုပ်ချင်သလိုလုပ်လို့ရမဲ့ သောက်တုံးသောက်အထင်နေလား ငါမင်းကိုယုံကြည်ပေးခဲ့မိတာ ငါ့ရဲ့သောက်အမှားကြီးပဲ မင်းငါ့ဆီကိုရောက်လာတာ ဒီအကြံနဲ့ပေါ့လေ ဟုတ်လား Jungkook""တော်ပါ Mr.Jung ခင်ဗျားရဲ့ တစ်ဖက်သတ်အတွေးတွေကိုတော်လိုက်ပါ နားခါးလွန်းတယ် ကျွန်တော်ခင်ဗျားနဲ့အတူရှိနေချင်ရုံပါ ကျွန်တော့်အကြံအစည်ဆိုတာ ဒါပါပဲ"
Hoseokနှုတ်ခမ်းတွေတုန်ရီနေတာမို့ ခပ်တင်းတင်းစေ့ထားမိတယ်။
Hoseokသူ့အင်္ကျီကော်လံကို လုံးဝမလွှတ်ပေးချင်မိဘူး သူ့လက်တွေတုန်နေတာ Jungkookမသိစေချင်ရုံပါ။"မင်းကလေ တကယ့်ကိုလေပွေရိုင်းပဲ
မင်းရောက်လာတဲ့အချိန်ကစပြီး ငါ့ဘဝတစ်ခုလုံး
ဗြောင်းဆန်သွားခဲ့တာ"အကြည့်တွေကိုမလွှဲပဲ စူးရဲစွာပြန်စိုက်ကြည့်နေတဲ့ မျက်ဝန်းဝိုင်းတွေကို မုန်းမိသည်။
အဲ့ဒီမျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ အဝေးဆုံးထွက်ပြေးချင်မိတယ်။
နောက်ထပ်ဘယ်တော့မှ ပြန်မဆုံတော့တဲ့အထိ။___________________________
အခန်းထဲမှာလဲလျောင်းရင်း နေဝင်မိုးချုပ်ခဲ့တာ သုံးရက်မြောက်နေ့။
နှဖူးပေါ်လက်တင်းရင်း စဥ်းစားနေတဲ့သူ့ပုံက အရှုံးသမားတစ်ယောက်ရဲ့ပုံလိုမျိုး။
ပြီးခဲ့တဲ့နေ့က Hwayoung noonaဆီမှ ရလာသော သတင်းက သူ့အား အရုပ်ကြိုးပျက်ဖြစ်သွားစေ၏။
Las Vegasတွင်ရှိသော ရှယ်ယာရှင်များအားလုံးနှုတ်ထွက်သွားခဲ့ပြီး Agentများလည်း တခြားCasinoသို့ရောက်သွားခဲ့ခြင်းပင်။
အဆိုးဆုံးကတော့ သူ့ရဲ့လျှို့ဝှက်လူယုံတစ်ယောက်ဖြစ်တဲ့ reginaတစ်ယောက် ကားမှောက်၍သေဆုံးသွားခြင်း။
ထိုပြဿနာများအားလုံး၏ တရားခံသည် ဥက္ကဌကြီးဖြစ်ကြောင်းသူသေချာသိနေပါသည်။
ဘယ်လောက်ပဲ မုန်းနေပါစေ ကိုယ့်သွေးသားတစ်ယောက်အပေါ်တော့ ဒီလောက်အထိလုပ်ဖို့လိုသည်တဲ့လား။
အခုတော့ Hoseokမှာ ဘာဆိုဘာမှမကျန်တော့ပြီ။
တစ်ခုတည်းသော ရွေးချယ်စရာသည် Jungkookနှင့်လပ်ထက်လိုက်ခြင်းသည်သာဖြစ်၏။
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး