<Unicode>နာမည်ကြီး ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်သည့် Hsukaiတစ်ယောက် ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေရင်း သူ၏ နာမည်အကြီးဆုံး(လူမုန်းအများဆုံး)ဝတ္ထုအား ဇာတ်သိမ်းပိုင်းရေးနေသည့်အချိန်တွင် ထူးဆန်းသောဖြစ်စဥ်တစ်ခု ဖြစ်သွားမည်ဟု မထင်ထားခဲ့ချေ။
ဘဝကို အလွန်ရိုးရှင်စွာဖြတ်သန်းခဲ့ရလို့ မိုးနတ်မင်းက သူ့အပေါ်ဒဏ်ခတ်လိုက်လေသလားမသဲကွဲပေ။
ဘာတဲ့! သူက ကမ္ဘာ့ခွေးသွေးအဆန်ဆုံး ဝတ္ထုထဲကို ကူးပြောင်းလာတာတဲ့လား!! ဒါတင်မကသေးဘူး။ သူကူးပြောင်းလာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က သူပိုစိုးပက်စက် မုန်းတီးခဲ့တာကြောင့် ဇာတ်လိုက်လက်နှင့် အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်စေခဲ့တဲ့ လူဖြစ်နေတယ်တဲ့!!
သူက သူ၏အသက်အားကာကွယ်ရန် ငယ်ရွယ်သေးသောဇာတ်လိုက်အား ကပ်ဖားရန် အစီစဥ်ဆွဲလိုက်လေသည်။
Hsukai : "ကောင်လေး...ဒီစီနီယာက မင်းကိုကူညီပေးမယ်။ မင်းငါ့အနောက်မှာသာ နေနေလိုက်"
Hsukai : "မင်းမျက်နှာလည်းမကောင်းဘူး။ မှန်မှန်ပြောစမ်း! ဘယ်ကောင်မင်းကို အနိုင်ကျင့်တာလဲ! ဒီကောကောက သူ့ရဲ့သွားဆယ်ချောင်းလုံးကို ချိုးပစ်မယ်လို့ ကတိပေးတယ်!"
Hsukai : "ဇာတ်လိုက်က အရမ်းဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်။ ဘယ်သူကမှ ဒီကလေးအပေါ် အရောင်ခြယ်ခွင့်မပေးနိုင်ဘူး!"
သို့သော် လတွေနှစ်တွေကုန်လာပြီးသော် Hsukaiက သူ့ရင်ထဲမှာ သံသယမျိုးစေ့တွေဖြစ်ထွန်းလာသည်။ ဇာတ်လိုက်က လူအရမ်းကပ်လွန်းတယ်။ နောက်ပြီး ငါတစ်ယောက်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောမိရင် နှုတ်ခမ်းတွေပေါက်ထွက်မတတ် အနမ်းခံရတယ်။
နေအုံး!! အနမ်းခံရတယ်!! ဒီဇာတ်လိုက်က ရိုးရှင်းစွာနဲ့ ကွေးသွားတာလား? ငါဖြစ်ချင်တာက ဒီလိုမဟုတ်ဘူးလေ။ အခုမှနောင်တရရင် နောက်မကျသေးဘူးမလား။ ဟေး...ကောင်စုတ်လေး။ မင်းငါ့ရဲ့တင်ပါးတွေကို ထိနေတာတော်လောက်ပြီး ။ မင်းကို ဒီလိုညစ်ညမ်းတာတွေ လုပ်တတ်အောင် ဘယ်သူသင်ပေးလိုက်တာလဲ!!! ဝေးဝေးသွားစမ်း!
YOU ARE READING
HE EATTING TO ME [Ongoing]
Fanfictionငါဖန်တီးထားတဲ့ ဇာတ်လိုက်က ငါ့ကိုစားချင်နေတယ်!!!! ငါဖန္တီးထားတဲ့ ဇာတ္လိုက္က ငါ့ကိုစားချင်နေတယ်!!!!