အပိုင်း (၁)

734 16 1
                                    

ဖုန်းထဲက message ကိုကြည့်ရင်း စိတ်ပြတ်နေမိသည်။ 'ဘယ်လောက်တောင် ချေးခဲ့လို့အဲ့လောက်တောင် အကြွေးတွေများနေရတာ လည်း' လက်ထဲက ဖုန်းကို ခုံပေါ်တင်ကာ ယွန်းတစ်ယောက် စိတ်ပြတ်ပြတ်ဖြင့်သာ အိပ်ယာပေါ် တက်ထိုင်လိုက်သည်။

'လောကကြီးက ငါအဆင်ပြေနေတာကို မမြင်ချင်ဘူးထင်တယ်' တစ်ခုခု အဆင်မပြေရင် လောကကြီးကို အပြစ်တင်တာ မှားတဲ့ အရာဆိုတာ ယွန်းသိနေပေမဲ့ သူမ ဘာမှမတက်နိုင်တော့ပေ။ ယွန်းကိုယ့် အတွေးလေးကိုယ် ရယ်လိုက်ရင်း အိပ်ယာဘေးက ခုံပေါ်တွင် တင်ထားသည့် စာအုပ်လေးကို ယူကာ ဖွင့်လိုက်သည်။ ပြီးတော့ စာရွက်လွပ်တစ်နေရာတွင် [ ဒေါ်မြင့်ကြည် - ၃ သိန်း ]။ စာအုပ်လေးထဲမှာ နောက်ထက် အကြွေးဆပ်ရမဲ့ လူသစ်တစ်ယောက်ထပ်တိုးလာရောပေါ့။

'ဒီတစ်သက်တော့ အကြွေးဆပ်ရင်း ကုန်ဆုံးရတော့မယ်ထင်ပါရဲ့' ယွန်းတွေးရင် နောက်တစ်ခါ ထက်ရယ်လိုက်မိပြန်သည်။ အများကြီးတွေးရင် အများကြီးဆွေးရတာကြောင့် ယွန်းလည်း ဘာမှာ အရမ်းမတွေးတော့ပဲ အိပ်ယာဝင်လိုက်သည်။

ယွန်းဧကရီ ဆိုတဲ့ကောင်မလေး အသက် (၁၉)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးပေါ့၊ ဆံပင် နက်ညိုရောင် အရှည်လေးဖြင့် ရုပ်ကလေးကတော့ ရှိသား၊ အနက်ရောင်မျက်လုံး ဝိုင်းဝိုင်းလေး၊ ၅ပေ ၃လက်မ ရှိသည့်အရပ်ဖြင့်တော့ အခြား ၁၉ နှစ် ကောင်မလေးများနှင့် ရှင်ရင်တော့ သာနေရောပေါ့။

မိဘနှစ်ပါးလုံးသေသွားတာ ၃ နှစ်တော့ရှိခဲ့ပြီး ဆိုပေမဲ့ သူတို့ ချန်ခဲ့သည့် အကြွေး‌တွေကတော့ ဆက်လို့မကုန်သေးပေ။ ယွန်းသာ အခုဒုက္ခရောက်ပေမဲ့ ယွန်း၏ ဖိုးဖိုးရှိခဲ့တုန်းက တော်တော်အဆင်ပြေခဲ့သည်။ ယွန်း၏ ဖိုးဖိုးမှာ ရိုးသားကြိုးစားသည့် စီးပွားသမားတစ်ယောက်သာ ဖြစ်သည်။ ယွန်း၏ ဖေဖေနဲ့ မေမေ မှာ ယွန်း ဖိုးဖိုးမသေခင် တုန်းကတော့ တော်‌တော်လေး အဆင်ပြေနေကြသေးသည်။ ယွန်း ဖိုးဖိုး သေသွားတော့လည်း ထားသွားတဲ့ အမွေတွေမှာ တစ်သက်လုံးထိုင်စား လို့မှမကုန် နိုင်အောင်ပင် များပြားလှသည်။ သို့သော် ဘယ်လောက်ပဲ အမွေ‌တွေများနေပါစေ ဉာဏ်မရှိ ကံရှိတိုင်းမွဲ ဆိုသည့် စကားပုံ အတိုင်း ယွန်း ဖိုးဖိုး၏ အမွေတွေဟာ ယွန်း ဖေဖေနှင့် မေမေတို့ လက်ထဲမှာ ပင် ပြာကျသွားခဲ့ရသည်။

Loved One _ GLWhere stories live. Discover now