Part-18

274 17 6
                                    

Unicode



ရိုးသားပြီးပွင့်လင်းတဲ့သူတွေထက် ပြိုင်ဘက်အပေါ်မာယာပရိယာယ်တည်ကြက်တည် ကစားတတ်တဲ့သူတွေက အမြဲအောင်နိုင်စမြဲပဲ။ ဒါကိုဝမ်ရိပေါ်က သူ့သက်တမ်းတစ်လျှောက်လုံး တစ်ယောက်သောသူဆီကနေ မသိမသာသင်ယူခွင့်ရခဲ့တယ်။

တစ်ခါတစ်ရံဆို သူ့ကိုအမြဲရန်လိုနေပြီး တစ်ခါတစ်လေကျ ဂရုစိုက်ပေးတဲ့လူက သိသိသာသာကို ပညာသားပါပါစကားတွေနဲ့ထိုးနှက်တတ်သလို  မသိမသာလေးလည်း လူတွေအကြောင်းကိုနားလည်အောင်လုပ်ပေးပြန်တယ်။

ဝမ်ရိပေါ်သင်ယူခဲ့ရတာတွေက အချိန်တိုအတွင်းမှာ မရေမတွက်နိုင်အောင်များပြားခဲ့တယ်။ သူလူမှန်းသိတတ်စအရွယ်မရောက်ခင်မှာ ဖခင်နဲ့ကွေကွင်းခဲ့ရသလို အသက်မပြည့်ခင်အတွင်းမှာပဲ ချစ်ရတဲ့မိခင်နဲ့ခွဲခွာရပြန်တယ်။ ဖခင်မရှိတာကြောင့် ဝမ်ရိပေါ်ဟာ သူ့ရဲ့မိခင်အရှေ့မှာ သားလိမ္မာတစ်ယောက်အဖြစ်အမြဲရှိနေခဲ့တယ်။ဒါပေမယ့် လူကောင်းဖြစ်ဖို့ကြိုးစားသင်ယူနေဆဲဖြစ်တဲ့ ကလေးသာသာအရွယ်လေးမှာပဲ ကောင်းကင်နတ်ဘုရားက သူ့ကိုမညှာမတာအပြစ်ပေးတာက မွေးမိခင်နဲ့ခွဲခွာရဖို့ဖြစ်နေပြန်တယ်။

ဝမ်ရိပေါ်ဟာ သူ့ရဲ့မိခင်နဲ့ခွဲခွာရတဲ့ညမှာပဲ အထီးကျန်မှု၊ ကြောက်လန့်မှု၊ ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုတွေနဲ့အတူ ရက်စက်မှုကိုပါ မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။ ဝမ်ရိပေါ်ရဲ့နဂိုစိတ်နှလုံးဟာ ဖြူစင်မှုဖြင့်အတိဖြစ်သော်ငြား ထိုည၌သူ့ရဲ့နှလုံးသွေးတစ်ဝက်ဟာ အရောင်ဆိုးခံလိုက်ရတဲ့စက္ကူဖြူတစ်စလို ညစ်ထေးသွားခဲ့ရတယ်။

သူဟာသူ၏မိခင်ရဲ့စီစဥ်ပေးမှုကြောင့် ရှောင်းစံအိမ်တော်ထိ ရောက်လာခဲ့ပေမယ့် သူ့ရဲ့စိတ်ဆန္ဒက ဒီနေရာကိုလာဖို့မရှိခဲ့ဘူး။ ဝမ်ရိပေါ်အတွက် ကျောင်းမှာအမြဲတွေ့နေရတဲ့ ရှောင်းကျန့်ရဲ့အေးစက်မှုတစ်ခုနဲ့တင်လုံလောက်တယ်။ ဒါကြောင့် သူဟာရှောင်းမိသားစုဝင်တွေနဲ့အတူနေထိုင်ဖို့ဆိုတာက အရမ်းခက်ခဲလိမ့်မယ်လို့တွေးမိခဲ့တာ။

ဒါပေမယ့် သူ့ရဲ့ထင်မြင်ချက်ကလွဲမှားကြောင်းကို အိမ်တော်စရောက်တဲ့နေ့မှာပဲ မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သူဟာဒီစံအိမ်တော်မှာ အစေခံတစ်ယောက်လို နေရမယ်လို့ထင်ခဲ့ပေမယ့် တည်ကြည်ပြီးမျှတမှုရှိတဲ့ရှောင်းသခင်ကြီးက သူ့ကိုစံအိမ်မိသားစုဝင်အဖြစ်အသိအမှတ်ပြုခဲ့တယ်။ စံအိမ်ကသခင်လေးတွေနဲ့တန်းတူ လိုအပ်တဲ့ထောက်ပံ့မှုမှန်သမျှကိုပါပေးပြီး ပညာရေးကိုလည်းဆက်လက်သင်ကြားခွင့်ပြုခဲ့တယ်။ ပိုပြီးထူးဆန်းတာက ရှောင်းသခင်ကြီးက သူ့ကိုရှောင်းလုပ်ငန်းစုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ပညာအရည်အချင်းမှန်သမျှကိုပါ ရှောင်းကျန့်နဲ့အတူသင်ကြားပေးခဲ့တာပဲ။

Love In The Midst Of ConflictWhere stories live. Discover now