အချို့သောအရာတွေကလွယ်လွယ်ရနိုင်ပေမယ့် စွန့်ပစ်ဖို့အတွက်ကတော့သိပ့်ကိုခက်ခဲလွန်းတယ်။
နွေဦးဆိုသည့်အတိုင်း ချယ်ရီပန်းလေးတွေပွင့်ချင်တိုင်းပွင့်ပြီး ကြွေချင်တိုင်းကြွေနေကြသည်။
ချယ်ရီပင်အောက်မှာ ထိုင်ပြီးစာအုပ်ဖတ်နေတဲ့ဆောင်းဟန်ဘင်း။
စာအုပ်ဖတ်နေရင်း တစ်ခြားဖက်ကပစ်လိုက်တဲ့ဘောလုံးကသူ့နှာခေါင်းကိုတိုက်ရိုက်ထိသွားသည်။ သူစာအုပ်ကိုပိတ်လိုက်ပြီးနှာခေါင်းကိုကိုင်ကြည့်တော့ နှာခေါင်းသွေးလျှံသွာသည့်ဟန်...။ထိုအချိန် ကောင်လေးတစ်ယောက်ကလာပြီး
"တောင်းပန်ပါတယ်.."
အသံကြားလိုက်တော့ သူလှမ်းကြည့်မိသည်
နို့နှစ်ရောင်အသားအရောင် ရှိတဲ့ကောင်လေးတစ်ယောက်ကသူ့ကိုလာတောင်းပန်သည်။"ရပါတယ်"
သူထိုင်ခုံကနေထဖို့လုပ်လိုက်တဲ့အချိန်မှာ..
"ခဏလေး..နှာခေါင်းမှာသွေးထွက်နေတယ်
ယူထားလိုက်ပါ"
ကောင်လေးကအဖြူရောင်လက်ကိုင်ပုဝါလေးကို သူ့ဘောင်းဘီအိတ်ထဲကထုတ်ပေးလိုက်ပြီး ဟန်ဘင်းရဲ့လက်ထဲကိုထည့်ပေးလိုက်သည်။
"ကျေးဇူးတင်..."
စကားမဆုံးသေးခင် ဘောလုံးကောက်ပြီး ပြေးထွက်သွားသည်။
အရင်ဆုံး နှာခေါင်းသွေးလျှံနေတာကိုသုတ်ပစ်လိုက်ပြီး အိမ်ပြန်ဖို့အတွက် ခြေလှမ်းစလိုက်သည်။
သူအိမ်ရောက်တော့ ခုနလက်ကိုင်ပုဝါလေးကို လျှော်ဖို့ရေချိုးခန်းထဲဝင်လိုက်သည်။ သူသတိထားမိလိုက်တာက လက်ကိုင်ပုဝါလေးရဲ့အစွန်းထောင့်လေးမှာ စာလုံးလေးတစ်လုံးကိုသူမြင်သွားသည်။"昊"တဲ့
"သူက တရုတ်ကနေလာတာများလား"
အဲဒါကြောင့် သူ့ကိုလာတောင်းပန်တုန်းက
စကားကို မပီကလာ ပီကလာနဲ့ပြောနေတဲ့
ကောင်လေးကိုစဉ်းစားမိရင်းနှုတ်ခမ်းကော့ရုံ ပြုံးမိသည်။________________________________
နောက်သွားတဲ့ မီယားနဲ" သာသာ အလုပ်ကလည်းရှုပ်နေတာနဲ့ ဘယ်လိုရေးရမလဲဆိုပြီးစဉ်းစားနေတာနဲ့ နောက်ကျသွားတာပါ
ဒီအပိုင်းကတိုတိုလေးပါပဲ နောက်ပိုင်းတွေမှရှည်ရှည်လေးရေးပေးပါ့မယ်။ဖတ်ပြီးရင်လည်း ကြယ်လေးကိုလည်းနှိပ်ပေးပါ အဲဒါမှစာရေးရတာအားတတ်အောင်
YOU ARE READING
Once Again [BinHao]♡
Fanfictionအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့တဲ့အချိန်ဟန်ဘင်းဆိုတဲ့လူသားလေးက ကျန်းဟောက့် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်လေးတစ်ခုဖြစ်ခဲ့တယ်...