စာမေးပွဲပြီးတော့ ဆရာကဂိုက်ကိုတပတ်ပိတ်ပေး
တယ်။သိပ်တော့မပျော်ပါ..နဂိုကတည်းကဆရာ့ကို
တွေ့ရတဲ့ရက်ကခပ်ရှားရှား..သူ့မှာလည်းဘာတတ်နိုင်
ပါ့မလဲ။အရှိကိုလက်ခံယုံပေါ့။သီချင်းလေးတညည်းညည်းဖြင့်လမ်းထိပ်ကစာအုပ်
ဆိုင်လေးကိုထွက်လာခဲ့သည်။
Novemberကုန်ခါနီးပြီဆိုတော့အနောက်လေက
အေးနေပြီးခပ်သော့သော့တိုက်ခတ်နေသည်။သူတို့Los anglesမြို့က..မြို့ကြီးပြကြီးတွေဖြစ်
တဲ့နယူးယောက်တို့လို၊ဝါရှင်တန်တို့လိုလူတွေအရမ်း
ရှုပ်ထွေးနေပြီးစည်ကားနေတာမဟုတ်။
သူ့နေရာနဲ့သူအံခွင်ဝင်ကျဖြစ်ပြီး လူတွေလည်းအရမ်း
မရှုပ်ထွေးနေ..နယူးယောက်ဆိုရင်မနက်8နာရီလောက်လမ်းမပေါ်ထွက်ကြည့်လိုက်၊လူတိုးလို့တောင်မ
ပေါက်ဘူး။တခါတလေလူပိသေရမှာကြောက်တယ်။တံခါးကိုဖွင့်လိုက်တော့မြည်လာတဲ့ခေါင်းလောင်းသံ။
ခေါင်းလောင်းကတံခါးအပေါ်မှာဆိုတော့ တံခါးနဲ့ချိတ်
ဆက်ထားသလိုဖြစ်ပြီးဖွင့်တိုင်းအသံမြည်တာဖြစ်၏။"ဟယ်လို..Mr.weak"
"ဟယ်လို..ကောင်လေး"
သူဟာLos Anglesမှာနေတာကြာလာတော့
englishလေသံဟာလုံးဝကိုပြောင်းလဲသွားတာ။
ဆရာနဲ့အန်တီလေးကိုkoeraလိုပြောတဲ့အချိန်ကျရင်တောင်မနည်းစဥ်းစားပြီးပြောနေရတယ်။တချိူ့
စကားလုံးတွေကိုမေ့နေတာကြောင့်ပင်ဖြစ်သည်။"နေကောင်းလား..mr.weak"
"ကောင်းပါတယ်ကွယ်..ကောင်လေးရယ်"
စာအုပ်ဆိုင်ကိုနေ့တိုင်း လာနေတာကြောင့်Mr.weak
နဲ့တောင်အတော်ရင်းနှီးနေပြီ။
mr.weakကအသက်40ကျော်အရွယ်၊အိမ်ထောင်မရှိတဲ့လူလွတ်တဦး။
စာအုပ်ဆိုင်ကိုစာပေမြတ်နိုးတဲ့သူတွေအတွက်ဖွင့်ထား
တာတဲ့လေ။စာအုပ်ဖတ်ရတာအခမဲ့ဆိုပေမဲ့..သူက
တော့အခကြေးငွေပေးပြီးပဲဖတ်သည်။mr.weak
ကတော့သူ့ရဲ့အခကြေးငွေကို"မုန့်ဝယ်စားလိုက်"ဆို
ပြီးငြင်းပယ်စမြဲပါပဲ။စာအုပ်စင်သုံးတန်းမြောက်၏ဒုတိယအကန့်တွင်သပ်
သပ်ရပ်ရပ်ထားထားသည့်စာအုပ်အဝါရောင်ကိုထုတ်
ယူလိုက်သည်။
စာအုပ်နာမည်ကတော့..Vincent Van gogh
ရဲ့အတ္ထုပ္ပတ္တိများ။ဒါနဲ့ဆိုဖတ်တာသုံးခါမြောက်...
အရမ်းကိုသဘောကျမိလို့ပြန်ဖတ်တာ။
Vincentကိုတမြို့လုံးကဝိုင်းပြီးရှုတ်ချနေတဲ့အချိန်
မှာvincentဘေးနားမှာဘယ်သူမှရှိနေခဲ့ဘူး။သူ့အကိုTheo Van goghပဲရှိနေပေးတာ။