California Dreamin'

887 40 5
                                    

ဒီအဖြစ်အပျက်တွေအားလုံး ဘယ်ကစတင်ခဲ့ပါသလဲ?

ခင်မေ ၏ ရူးသွပ်မှုကတော့ဖြင့် အဖြူအမည်းပီယာနိုခလုတ်များပေါ်တွင် နွဲ့နှောင်းပျော့ပျောင်းစွာ လှုပ်ရှားပြေးလွှားနေသည့် လက်ချောင်းသွယ်သွယ်လေးများကစတင်လေသည်။
ခင်မေသည် သစ်ရွက်ကလေးလှုပ်ရှားသွားတာကအစ သစ်ကိုင်းခြောက်ပေါ် ငှက်ကလေးနားတာအဆုံး ပီယာနိုတီး၊မဟုတ်လျှင် ဂီတာတီးပြီး လွမ်းချင်သူပင်။မျက်နှာဆီ တိုးဝှေ့လာသော လေညှင်းကိုပင် ဘယ်ဆီများသွားပါလိမ့်ဟု တိုးတိုးလေးမေးပြီး လိုက်ခဲ့ပါဟုခေါ်လျှင် ကမ္ဘာတစ်ဆုံးလိုက်ခဲ့ဦးမည့်သူ။
ထိုမျှလောက်အထိ အသေးစိတ်ထိတွေ့ခံစားတတ်သူဖြစ်၍ ခင်မေနှင့်စိတ်တူကိုယ်တူပေါင်းမည့်သူ ရှားလေသည်။

ခင်မေသည် အနုပညာကိုလည်းရူးသွပ်ကာ ကဗျာလည်းဆန်ချင်သေးသည်။နူးညံ့အိစက်သောဖဲမွေ့ယာထက် နိမ့်ချည်မြင့်ချည်ဖြင့် လူတို့၏ရင်ကိုလှုပ်ခတ်စေသော တေးသွားများကြားတွင်သာ နားခိုအိပ်စက်လိုသူဖြစ်သည်။

ခင်မေသည် အိမ်ထဲသို့စဝင်လာကတည်းက ထိုလက်ချောင်းလေးများကို အလျင်သတိပြုမိလေသည်။ခင်မေ့တစ်သက်တွင် ထိုမျှလောက်အထိ ဂီတအပေါ်တွင် စျာန်ဝင်ကာဖြင့် ကဗျာဆန်ဆန် တီးခတ်နေသည့် မိန်းကလေးမျိုးမတွေ့ဖူးသေး။ခင်မေတို့မိသားစုအသိုင်းအဝိုင်းတွင် ခင်​မေတစ်ဦးသာလျှင် ဂီတအနုပညာကိုချစ်မြတ်နိုးမည့်သူရှိလေ၏။

ခင်မေသည် ဘေးတစ်စောင်းမြင်ရသော သူ၏မျက်နှာကိုပင် စူးစမ်းကြည့်ဖို့သတိမရဘဲ ထိုလက်ချောင်းသွယ်သွယ်များ ကခုန်လိုက်တိုင်း ထွက်လာသည့်သံစဥ်များခေါ်ရာ လိုက်ပါနေခဲ့သည်။

အင်း.. ခင်မေ့ရင်ထဲတွင် လွမ်းသလိုလိုဖြစ်လာပြန်သည်။
ခင်မေဆိုတာ မိမိနှင့်စိတ်ဝိညဥ်ချင်းသာနီးစပ်လျှင် ဘယ်တုန်ကမှ မရောက်ဖူးတဲ့နေရာတွေ ​၊တစ်သက်လုံးက မသိဖူးတဲ့လူတွေကိုတောင်မှ လွမ်းနေတတ်တာမျိုးပါ။အခုလည်းကြည့်လေ သူနှင့်ခင်မေဟာ ဂီတကိုချစ်တဲ့အခြေခံတစ်ခုတော့ တူကြသည်မဟုတ်လား။ထိုအရာကပဲ ခင်မေ့ကို လွမ်းစေသည်ထင်ပါ၏။

Oneshot Collection Where stories live. Discover now