15

433 39 4
                                    

Unicode

"ဘယ်သွားရမလဲဆိုတာမသိလို့ပါ"

"အော် ဒါလေးများ ကျွန်မလိုက်ပို့ပေးမှာပေါ့ Lisa လိုက်ချင်ရင် သူ့ကိုပါခေါ်ခဲ့မယ်"

Ireneကဒဲ့ပြောလိုက်တော့ Rosé ကလဲဒဲ့ပဲပြန်ပြောသည်

"Ya Bae Joohyun! ဟိုကအလုပ်များနေတာကို"

Jisooက Ireneကိုဖွဖွရိုက်ပြီးပြောလိုက်ပြန်ရော ထိုအချိန်မှာပဲ Lisaကကော်ဖီခွက်4ခွက်ကိုင်ပြီးရောက်လာသည်

"အလုပ်ကပစ်ထားလဲရပါသေးတယ် ညကြတော့လုပ်မှာပေါ့ ညတိုင်းအပြီးမပျက်သေးတာတွေကိုလုပ်ပါတယ်"

Lisa ကတော့ပေါ့ပေါ့ပါးပါးသာပြောသည် Coffee ခွက်တွေကို သူတို့ရှေ့ချပေးပြီး တစ်ခွက်ကျန်နေတော့ Lisaကသူယူလိုက်သည် ဒါ‌ပြီး‌တော့ထိုင်လိုက်ပြီး သောက်တော့မလို့လုပ်တဲ့အချိန်

"Irene, Jisoo! ငါလာပြီ"

တံခါး‌မခေါက်ပဲတောင် Hazelကဝင်လာတော့ Jenဟာလဲရုတ်တရက်အံ့ဩသွားသလို Rosé ကအရိုင်းဆန်တဲ့သူ့အပြုအမူမှာ နှာနှာခေါင်းရှုံ့နေမိသည် Lisaကတော့ Jenရှေ့မှာ Hazelတစ်ခုခုလုပ်မှာကို စိတ်ပူနေမိသည်

Hazelက Lisaဘေးကလွတ် နေတဲ့နေရာမှာထိုင်လိုက်ပြန်သည် Jenကတစ်ချက်အကဲခတ်လိုက်တာကိုတော့ Lisa နဲ့ Hazelရော Roséရောသိပါသည် ချက်ချင်းပဲ Rosé ကJenကိုအာရုံလွှဲဖို့ ကော်ဖီသောက်ရန်ပြောလိုက်သည်

"ဆိုတော့ မင်းတို့သူငယ်ချင်းတွေ လျှောက်လည်ကြပါလား ကျွန်မကနေရာကိုပဲလိုက်ပို့ပါ့မယ် အဲ့လိုလုပ်လိုက်ကြမလား"

Rosé ကသူတို့နေရမခက်အောင် သူငယ်ချင်းအရင်းလိုပဲပြောတော့ Ireneနဲ့ Jisooကပိုပြီးအသားကျလာပါပြီ

"ဖြစ်ရဲ့လား"

"ဖြစ်တာပေါ့"

"အဲ့တာဆိုလဲမငြင်းတော့ပါဘူး Jenကိုတွေ့ချင်လို့သာဒီလာခဲ့တာ Tour guide လဲမပါတော့ ဘယ်နေရာသွားရမှန်းမသိဘူး"

Ireneဟာ ပုခုံးလေးတွန့်ပြီးပြောတော့ Rosé ကသဘောတကျပဲရယ်လိုက်ရသည် အမှန်တကယ်တော့ Rosé ကသူငယ်ချင်းဆိုတဲ့အရာတွေကို ဘေးချိတ်ကာအလုပ်ပဲလုပ်နေခဲ့တာပါ အမှန်တကယ်တော့ဒီလိုအရာတွေကိုသူလိုအပ်သည် တစ်ယောက်ထဲဆိုမနေတတ်ပါ။ အထီးကျန်သလိုခံစားရသည်

LocoWhere stories live. Discover now