EP // 18

813 107 21
                                    

Q. ဘယ်သူ့ကိုစာပို့ခဲ့တာလဲ?

Jun : Hansol ကိုပို့ခဲ့တာပါ..ဟုတ်ကဲ့

Jihoon : Mingyu ကိုပါ။ ဘာသဘောရိုးမှမပါပဲ ဒီအတိုင်း အရပ်တော်တော်ရှည်တာပဲ လို့ကျွန်တော်ပို့လိုက်တာပါ အင်... ဘာလို့ဆို အရပ်ရှည်လို့ပေါ့?

The8 : Wonwoo Hyungကိုပါ နည်းနည်းစိတ်ဝင်စားမိလို့ပို့ခဲ့မိတယ်လို့ထင်ပါတယ် ဟုတ်.. ရင်းနှီးချင်လို့လဲပါမှာပေါ့?

-

အနည်းအကျင်းနေရခက်လာတဲ့အခြေအနေကိုနောက်တော့Mingyuကိုယ်တိုင်ကပဲဖြိုခွင်းလိုက်တယ်။

"ဟားဟား အဲ့တာဆို လွယ်တာလေးပဲ ချက်လိုက်မယ်နော်။အဆင်ပြေ‌တာလေးပေါ့ ဟားဟား"

အခြေအနေကို ဖြိုခွင်းလိုက်တယ်သာ ပြောတာ သူကနေရ ပိုခက်နေသည့်ပုံ နှင့် သူ့ဟာသူ ပြောပြီးနေရခက်စွာ ရယ်သလိုလိုပြုံးသလိုလို လုပ်နေတဲ့ Mingyu ကြောင့် အားလုံးရဲ့နောက်၊ဟိုးထောင့်အစွန်နား မှာ ရှိတဲ့ Myungho က တိတ်တိတ်လေး ခေါင်းခါကာသနားနေတော့တယ်။

တအောင့်ကြာတော့ Mingyu လည်း အားလုံးအတွက် ဟင်းများအပြည့်အစုံချက်ပြီး Dokyeomတည်ပေးထားတဲ့ ထမင်းမှာလည်းကျက်ပြီး စားဖို့ အရန်သင့်ဖြစ်လေသည်။ Menu တွေမှာတော့ Mingyuချက်ထားသည့် Kimchi-jjigae၊ Shuaချက်ထားသည့် Dwaejigogi-bokkeum၊ ‌Dokyeomချက်ထားသည့် ထမင်း တို့ဖြင့် နည်းပေမယ့် အိမ်ချက်ဟင်းများအတိုင်း ပြည့်စုံပြီး စားချင်စဖွယ်ရှိလှသည်။

ထိုင်ခုံများယူကာထိုင်ကြတော့ Jihoon ရဲ့တစ်ခုတည်းကျန်တဲ့ ဘေးခုံကို Hoshi က အခြားတစ်ယောက်ဝင်မထိုင်ခင် အမြန်ဆွဲကာယူထိုင်သည်။ အနည်းငယ်တော့ ရုပ်ပျက်သွားပေမယ့် အားလုံးက မသိချင်ယောင်ဆောင်ကာကျော်တော့ကျော်ပေးသွားကြသည်။

"Kimchi-jjigae က ခံတွင်းအတွေ့ပဲ Mingyu"

"ဟီးဟီး ဂိုမားဝေါ Hyung"

"ဟင်းချက်တော်တဲ့သူက ‌တကယ်တော်ကိုတော်တယ် ဘာချက်ချက်။ လက်မအကြီးကြီးပါ Mingyu Hyung!.."

EX-change _ SEVENTEEN (ရည်းစားဟောင်းပြောင်းလဲခြင်း)Where stories live. Discover now