☃️ Prologue ☃️

509 38 3
                                    

Uni+Z

နှင်းတွေထူထဲစွာ ဖုံးလွှမ်းရာလမ်းတွေ၊ လူနေအိမ်တွေရဲ့ ခပ်လှမ်းလှမ်းအရပ်က ဝက်သစ်ချပင်အောက်နား၊ လူငယ်လေးနှစ်ယောက် တကုပ်ကုပ်နဲ့အလုပ်များနေတယ်။

ဆောင်းရာသီ၏ ညပိုင်းအချိန်ဖြစ်ပြီး နှင်းကျဆင်းမှုမှာတော့ ခဏတာရပ်ဆိုင်းနေကာ၊ အပူချိန်ကတော့ အနှုတ်အောက်ကိုသာ သိသိသာသာကျဆင်း‌နေတယ်။ အေးစက်တုန်ရီလွန်းတဲ့လေထုထဲ၊ ဖွေးလုလုနှင်းထုတွေကြားထဲ၊ အဝတ်ထူထူကို ဝတ်ဆင်ထားကြပြီး တလှုပ်လှုပ်ဖြစ်နေတဲ့ အရိပ်လွင်လွင်လေး နှစ်ခုမှာတော့ သူတို့ရဲ့လုပ်ငန်းဆောင်တာကို ရပ်တန့်မယ့်အလားအလာမရှိ။

"မျက်လုံးပေး"

နှင်းလိုပဲ ဖွေးထွတ်တဲ့အသားအရေလို့ပြောရမလား။ နှင်းတွေကြား ပယ်ပယ်နယ်နယ်ထိုင်ချထားတဲ့ ပထမလူငယ်လေးက အဖြူရောင်ဆံပင်တွေရှိတဲ့အပြင်၊ အဖြူရောင်ခေါင်းစွပ်အင်္ကျီခပ်ပွပွနဲ့အတူ ထူထဲတဲ့နို့နှစ်ရောင်လည်စည်းလေးကို ရစ်ပတ်ထားသေးတယ်။ အခုသူ့ပုံစံက နှင်းပုံကြားထဲဝါဂွမ်းစလေး လွင့်ကျထားသလို ဖြစ်နေတယ်။

ဝါဂွမ်းလိုလူငယ်လေးရဲ့ တောင်းဆိုမှုကို ဒုတိယလူငယ်လေးကလည်း တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းဖြည့်စည်းလိုက်တယ်။

"umm... နှာခေါင်းပဲကျန်တော့တယ်"

ဝါဂွမ်းက တွေဝေသလို၊ ပျော်ရွှင်သလိုထပ်ပြောတော့ ဒုတိယလူငယ်လေးကလည်း ကျေနပ်တဲ့အပြုံးလေးကိုပြုံးမိရင်း လိုအပ်တဲ့အရာကို ထပ်ကမ်းပေးလိုက်တယ်။

ဒုတိယလူငယ်လေးကျတော့ အညိုရောင်အသွင်ကို ဆောင်တယ်။ ခေါင်းစွပ်နီနီနဲ့၊ နို့နှစ်ရောင်ဆွယ်တာလေးပေါ်မှာ အညိုရင့်ရောင် ခေါင်းစွပ်အင်္ကျီပွလေး။ ပြီးတော့ အညိုဖျော့ရောင် လည်စည်းထူထူလေး။

"ta daa..!! ငါတို့ရဲ့သူငယ်ချင်းလေး အခုတော့အသက်ဝင်သွားပြီ"

သူ့ရှေ့ကအညိုရောင်ကိုကြည့်ပြီး ဝါဂွမ်းက တောက်တောက်ပပလေး ပြုံးရယ်တယ်။ ပြည့်စုံသွားမှုတစ်ခုအပေါ် အညိုရောင်ကလည်း ကြည်နူးမိပုံမျိုးနဲ့ ခေါင်းတညိတ်ညိတ်လှုပ်တော့ သူ့ခေါင်းပေါ်မှာ သေချာမစွတ်ထားတဲ့ Beanie အနီရောင်လေးက နှင်းပြင်ပေါ်ဘုတ်ခနဲ ပြုတ်ကျသွား‌တယ်။ ရုတ်တရက်ဆန်မှုကြား အညိုရောင်ကဝါဂွမ်းကို မျက်လုံးအဝိုင်းသားပြူးကြည့်ရင်း သူ့ရဲ့နမော်နမဲ့နိုင်မှုအတွက် တခစ်ခစ်ရယ်ကာ ခေါင်းစွပ်လေးကို အလျင်အမြန်ပြန်ကောက်စွပ်ထားလိုက်တယ်။ ပြီးတော့ သူတို့လုပ်ထားတဲ့ နှင်းလူသားဆီ နှစ်ယောက်သား အကြည့်ပြန်ရောက်ကြတယ်။

24 to 25 [oneshot]Where stories live. Discover now