All I want for Christmas is Koo

823 105 37
                                    

"ဟီး အီးးးးးး အဟင့် ဟင့် ဟီးးးအီးးး ဂျီမင်နာ အဟီးးးးအီးးးးးး 

"အေးပါကွာ အေးပါ တိတ်ပါ မင်းကလဲ မင်းငိုနေလဲ ဟိုကပြန်တွဲမှာကျနေတာပဲ 

"ပတ်ခ်ဂျီမင်

"ဘာတုန်း 

အသံပြတ်နှင့် သူနာမည်ကိုလာအော်ခေါ်သည့်သူငယ်ချင်းဖြစ်သူထယ်ယောင်းကို ပြန်အော်လိုက်သည်၊ ဒီကောင်နှစ်ကောင်နဲ့ သူ့ဘဝလေးက အတော်လေးသနားစရာကောင်းနေပြီလေ.... 

"မင်း သူငယ်ချင်းအချင်းချင်း အဲလိုပြောမှဖြစ်မှာလား ဟိုမှာ ဂျင်ကငိုနေတာကို

ဟုတ်ပါသည်၊ သူတို့၏အချစ်ဆုံးသူငယ်ချင်းလေး ကင်မ်ဆော့ဂျင်က ဘဲပစ်ခံရ၍ သူ့အိမ်တွင်လာငိုနေခြင်းပေ။ 

"ဟ ငါပြောတာဘာမှားနေလို့လဲ ဂျင်ခုလိုငိုနေတော့ရော ဘာထူးမှာလဲ ဟိုကမြင်တာလည်းမဟုတ် တကယ်ဆို မြင်ရင်တောင်မှ ဘာမှခံစားရတော့မှာမဟုတ်ဘူးလေ သူတို့နှစ်ယောက်ကလမ်းခွဲပြီးသွားပြီကို

"ဒီကောင်

ပတ်ခ်ဂျီမင်ဆိုသည့် သူတို့သူငယ်ချင်း ငဒူလေး၏ပါးစပ်ကို ထယ်ယောင်းအတင်းပိတ်ထားလိုက်ရသည်၊ မပိတ်လို့လည်းမရ ဟိုမှာ အငိုသန်သူမောင်ကင်မ်ဆော့ဂျင်က ပြိုတော့မယ့်မိုးလို ထပ်ပြီးအုံ့မှိုင်းလာပြန်ပြီ။ ဒီကောင် ငိုလည်းငိုနိုင်တယ် သူ့ဘဲနဲ့ပြတ်တာဖြင့် တစ်ပတ်တောင်ရှိပြီကို ခုထိငိုနေတုန်းပဲ ။ ကြုံတိုင်းငို မကြုံလည်း အိမ်ထိလာငို ခုလည်း သူ့အိမ်ကလူကြီးတွေနဲ့မို့ မလွတ်လပ်လို့တဲ့ သူ့အိမ်ထိတော့ ပုံမှန်အတိုင်းပဲလာပြီးတော့မှ ပတ်ခ်ဂျီမင်တို့အိမ်သွားငိုချင်လို့ လိုက်ပို့ပါတဲ့လေ။ ဂျီမင်ကတော့ မိဘတွေက နိုင်ငံခြားကနေသာ ထောက်ပံ့ပေးနေသည်မို့ သူ့အိမ်မှာ သူတစ်ယောက်တည်းလေ။ ဒါကိုသိရင်လည်းတစ်ယောက်တည်းမသွားဘူး ဒါမျိုးကျ မင်းရောပါမှ ငါအားရှိမှာတဲ့လေ....ကောင်းကျိုးပေးလိုက်တဲ့သူငယ်ချင်းလေး ..

သူ့ဘဲနဲ့တည့်နေတုန်းကကျ လူတွေကိုလမ်းမှာတွေ့ရင်တောင် ဝင်တိုက်သွားမယ့်ပုံနဲ့၊ ဘဲပစ်သွားမှ သူတို့နှစ်ယောက်အိမ်ကနေကိုမပြန်တော့တာ၊ ပတ်ခ်ဂျီမင်က တော်သေးသည် သူ့အိမ်က သူတို့နဲ့ တစ်ရပ်ကွက်ကျော်မှာမို့ ၊ သူကတော့ ဂျင်တို့နဲ့တစ်လမ်းထဲနေတာဖြစ်လို့ သူ့အိမ်ကကြာရင် ဂျင့်မျက်ရည်တွေနဲ့မြောတော့မယ်။ ဘုန်းကြီးပျံတွေဘာတွေကလည်းမရှိ ရှိရင်လည်း အလကားငိုနေမယ့်အစားတော့ ပိုက်ဆံလေးဘာလေးရအောင် ခေါ်သွားပေးလိုက်မှာ....

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

Gifts   ကွင်းစ  OS ကွင်းပိတ်Where stories live. Discover now