Ch 52

1.2K 100 1
                                    

Ch 52

ဒါပေမဲ့ သူမလက်ထဲတွင်ရှိတဲ့ ငွေအများစုကို ဝယ်ယူထားသည့် ဈေးနှုန်းဖြင့် Mall တွင် ပြန်လည် ဖြည့်သွင်းခြင်း ဒါမှမဟုတ် Mall ရဲ့ ဂိုဒေါင်တွင် သိမ်းဆည်းထားသည်။

အခု သူမ ထုတ်ယူနိုင်သည့် ငွေက စူပါမားကတ်၊ လျှပ်စစ်ပစ္စည်းများနဲ့ စက်ရုံများက အမြတ်များသာ ဖြစ်သည်။

ဒီငွေအစိတ်အပိုင်းအားလုံးကို ထုတ်ယူခဲ့ပြီး ကျန်းငွေက ယွမ်သန်း 20 ကို ခြစ်ထုတ်နိုင်ခဲ့သည်။

ဒီကိန်းဂဏန်းက သာမာန်လူများအတွက် နက္ခတ်ဗေဒင်ကိန်းဂဏန်းများ ဖြစ်သော်လည်း သန်းရာနဲ့ချီတဲ့ လေလံပွဲတွင် ပါဝင်တဲ့ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်တို့မှ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းရှင်များရှေ့တွင် ဘာမှမဟုတ်ပေ။

မကြာခင်တွင် အချိန်က 1987 ခုနစ် ဒီဇင်ဘာ 1 ရက်နေ့ကို ရောက်ရှိလာပြီး ကျန်းဟွေ့နဲ့ ရဲ့ရှောင်ယွီတို့က ပြင်ဆင်ပြီး Peng Cheng ကို တစ်ရက်ကြိုရောက်လာသည်။

နောက်တစ်‌နေ့တွင် ကျန်းဟွေ့နဲ့ ရဲ့ရှောင်ယွီတို့က ဖိတ်စာကို ယူကာ ချိန်းထားသညမ့ အချိန်မတိုင်ခင် လေလံပွဲကို ရောက်လာသည်။

ကျန်းဟွေ့က Peng Cheng ရဲ့ ပထမဆုံး မြေလေလံပွဲ၏ဈေးနှုန်းက စတုရန်းတစ်မီတာကို ယွမ် 600 ကျော်သာ ရှိသည်ကို သတိရသွားသည်။

ပြန်လည်မွေးဖွားလာတဲ့ ကျန်းဟွေ့အတွက် ဒီဈေးနှုန်းက ရိုးရိုးဂေါ်ဖီထုပ်ရဲ့ ဈေးနှုန်း ဖြစ်သည်။

မွေးကင်းစကနေ ပြန်ရောက်လာတဲ့အခါ Nan Shan ခရိုင်ရှိ ပင်လယ်ရှုမြင်နိုင်တဲ့ အိမ်ကြီးတစ်အိမ်ရဲ့ အမြင့်ဆုံးဈေးနှုန်းက စတုရန်းတစ်မီတာကို 300,000 မှ 400,000 အထိ မြင့်သည်။

Peng Cheng မြို့ပြဧရိယာရှိ အိမ်ရာဈေးနှုန်းများက အခြေခံအားဖြင့် စတုရန်းမီတာ 100,000 ကျော်လွန်နေပြီး ဆင်ခြေဖုံးများက အနည်းငယ် ဈေးသက်သာပြီး စတုန်းမီတာ သောင်းနဲ့ချီ၍ ကုန်ကျသည်။

လက်ရှိ မြေဈေးက စတုရန်းတစ်မီတာလျှင် ယွမ် 600 သာ ရှိသဖြင့် ကျန်းဟွေ့က ပိုက်ဆံကောက်ရန် ရောက်လာသည်ဟု ခံစားရပြီး ဓာတ်ပုံရိုက်လျှင် ဝင်ငွေရမည် ဖြစ်သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now