7 [U]

930 65 5
                                    

မောင့်မျက်သွယ် အပိုင်း (၇)
~~~~~~~~~~~~~~~~~
"လာပါ နောက်တစ်ချက် အတောက်ခံလိုက်ပါဦး"

ခပ်လှမ်းလှမ်းထွက်ပေါ်လာသည့် ရယ်သံမြူးနေသည့် စကားသံကြောင့် ကိုင်း မေမြို့ပန်းတွေကို နှီးဖြင့်စုစည်းနေရာကနေ လှမ်းကြည့်လိုက်၏။

မအေးစန်း၏ ဈေးခုံပေါ်တွင် ကပ်သီးကပ်သပ်ထိုင်ကာ ဂျူးဂျူးနဲ့အတူ ကျားကွက်ထိုးနေသည့် ဟိုကောင်လေးပါလေ။ အဲ့ဒီမိစ္ဆာလေးက ကိုင်းအနားမှာတွယ်ကပ်နေတာ ဘယ်လိုပဲ နှင်ထုတ်ထုတ်မရတာမလို့ ဒီအတိုင်းသာလွှတ်ထားလိုက်သည်။

လူချမ်းသာ သားသမီးဖြစ်ပုံရတဲ့ ထိုကောင်လေးက ပေါ့ပျက်ပျက်ပုံစံမလို့ ကိုင်းအနားကသိပ်မကြာခင် သူ့အလိုလိုခွာသွားပါလိမ့်မည်။

တကယ်ကို ဘာကိုမှ အပူအပန်မရှိမှန်းသိပ်သိသာသည်။ အခုလည်းကြည့် ဘာမှမသိတဲ့ ကလေးနဲ့ဆော့ပြီး အနိုင်ရတာကို တဟီဟီနဲ့ပျော်နေပုံရသည်။

"ဂျူးဂျူး တော်တော့လေ သမီးရဲ့၊ အမေနားလာတော့"

မျက်နှာမကောင်းစွာဖြင့် လှမ်းခေါ်သော မအေးစန်းကို ကြည့်ကာ ကိုင်းမျက်နှာပူရသည်။

နဖူးတောက်ကြေးဆော့တာမလို့ ဆက်တိုက်ရှုံးနေသည့် ဂျူးဂျူးလေးနဖူးက နီရဲနေသည်။ ဒီကောင်လေးက ကလေးကို အလျော့ပေးရမှန်းလည်း မသိဘူးထင်။ ဘယ်အမေက ကိုယ့်သားသမီးခံနေရတာကို ကြည့်နေနိုင်မလဲ၊ ကိုင်းမျက်နှာကိုထောက်ပြီး ရန်တွေ့မလွှတ်တာပဲတော်လှပြီ။

"အမေကလဲ ဒီတစ်ပွဲနောက်ဆုံးပဲ၊ သမီး အဲ့အစ်ကိုကြီးက ပြန်တောက်ရမှကျေနပ်မှာ"

"ဟ ဟ နိုင်မယ်ထင်ရင်လုပ်လိုက်လေ ကလေးမရဲ့၊ ဒီအစ်ကိုကြီးက ဘယ်သူ့ကိုမှ အရှုံးပေးဖူးတာမဟုတ်ဘူး"

"နိုင်မှာ ဒီတစ်ခေါက် သမီးနိုင်မှာ"

မကျေနပ်ဖြင့် ကျုံးဝါးနေသည့် ဂျူးဂျူးမျက်နှာက ဆူပုတ်နေပေမဲ့ ဟိုငါးမွှေထိုးလေးကတော့ ပြောင်စပ်စပ်နဲ့လုပ်နေတုန်းပင်။ မနေနိုင်တဲ့ ကိုင်းကပဲဝင်ကာ

"ဒီတစ်ခေါက် ဂျူးဂျူးအစား ကိုကိုဆော့ပေးမယ်"

"ရေး ကိုကိုဆော့ပေးမယ်တဲ့၊ သမီးနိုင်တော့မှာ"

မောင့်မျက်သွယ်Where stories live. Discover now