MERRY CHRISTMAS 🎄🤍
"ဂယူဗင်းနီး ~"
"ဒီနေ့Christmasပါဆို ဂယူဗင်းနီးးး ထတော့နော်~"
ခရစ်စမတ်သစ်ပင်လုပ်ပေးမယ်လို့ကတိပေးထားတဲ့ဂယူဗင်းကိုရစ်ခီကမနက်အစောကြီးနှိုးနေခြင်းပင်။ ကုတင်ပေါ်ဘေးစောင်းအိပ်နေတဲ့ဂယူဗင်းခါးကို တတို့တို့လုပ်ကာနှိုးနေတဲ့ကြောင်ပေါက်လေးကိုမသိချင်ယောင်ဆောင်ကာမှောက်အိပ်လိုက်သည်။
ထိုအခါ ရစ်ခီလေးဆီမှ "ဟင်း" ဟူသောသက်ပြင်းချသံလေးကြားလိုက်ရသဖြင့်နိုးနေပြီးသားဂယူဗင်းမှာ ချက်ချင်းပင်ထအလိုလိုက်ပေးချင်စိတ်ပေါက်သွားရပါသည်။
ဒါပေမယ့်ရစ်ခီကတအားချစ်စရာကောင်းတာမို့ မစဘဲလဲမနေနိုင်ပြန်ပါ။ ဒါကြောင့်အိပ်ချင်ယောင်ဆက်ဆောင်ပြီးကြောင်ကလေးဘာလုပ်မလဲစောင့်ကြည့်နေလိုက်ပါလျှင်"ဂယူဗင်းရားး မအိပ်နေပါနဲ့တော့ မိုတောင်အများကြီးလင်းနေပြီနော်"
"ဂယူဗင်းက ပစ်ထားတယ် အင့်ဟင့် "
ရှိုက်ငိုသံလေးထွက်လာချိန်မှာတော့ ဒီအမောင်ဂယူဗင်းတို့မနေသာတော့ပါ။
မှောက်အိပ်နေရာမှကုန်းရုန်းထလိုက်ရပြီး"မငိုနဲ့ မငိုနဲ့ ပစ်ထားတာမဟုတ်ဘူးနော် ခရစ်စမတ်သစ်ပင်အတူတူအလှဆင်ကြမယ်နော် တိတ်တိတ်"
ပါးဖွေးဖွေးလေးပေါ်ကမျက်ရည်များသုတ်ပေးကာချော့ရသည်။ တကယ်ပဲရစ်ခီက 🥺 ဒီလိုမျက်နှာလေးဖြစ်နေတာပါဆို။ တအားချစ်စရာကောင်းတာပဲ ရစ်ခီရားးး
"ဂယူဗင်းကဘာလို့စောစောထဲက အင့် မထတာလဲ"
"ရစ်ခီနှိုးနေတာကိုစောစောမထမိလို့တောင်းပန်တယ်နော် ကိုယ်ကလူဆိုးပဲ"
"လူဆိုးမဟုတ်ပါဘူး ဂယူဗင်းက"
သူ့ရဲ့လူဆိုးဆိုတဲ့စကားကိုအလိုမကျစွာငြင်းလာတဲ့ကြောင်လေးကြောင့် ဂယူဗင်းနှလုံးသာလေးထဲပုရွတ်ဆိတ်တက်နေသလို ရွစိစိကလိလိဖြစ်သွားရသည်။
"ဂယူဗင်းနီးကလူကောင်းပါ ရစ်ခီနဲ့လဲလျှောက်လည်ပေးမယ့်ဟာ"
ဒီအတတ်ပတတ်လေးကတော့ကွာ ချစ်တယ်ရစ်ခီရားးး။
..

ESTÁS LEYENDO
ငါကကြောင်မလေးမဟုတ်ဘူး!
Fanfictionကင်မ်ဂယူဗင်းမှာ သိပ်ချစ်ဖို့ကောင်းတဲ့ရှန်ရှန်ဆိုတဲ့သမီးလေးရှိတယ်။ Ricky x GyuVin