I raised him 128
Side story - မြို့စားမင်းကတော် ဆာစီးနီယာ ဂါဘီတာဤအရာမှာ နွေဦးမရောက်ခင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားရဲ့ လက်ထပ်ပွဲ မကျင်းပမီ နှင့် ဆာစီးနီယာ ဘွဲ့ထူးဂုဏ်ထူး ရရှိခဲ့ပြီး တစ်လခန့် အကြာတွင် ဖြစ်ပွားခဲ့သည်။
***
"ဟမ်း..."
ဆာစီးနီယာ အိပ်ပျော်နေစဉ် တရွရွ နှင့် လည်တိုင်၊ လက်ဖဝါးနှင့် ပါးပြင်တို့တွင် နှုတ်ခမ်း၏ အထိအတွေ့ကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်သွားသည်။ သူမ အိပ်မက်မက်နေသည် ထင်မိသော်လည်း နေ့တိုင်းခံစားရသည့် ရင်းနှီးသော အထိအတွေ့ဖြစ်ခြင်းကြောင့် အိပ်မက်မဟုတ်မှန်း သတိရသွားသည်။
ဆာစီးနီယာက အပြုံးဖျော့ဖျော့လေးနှင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"ဘန် တော်တော့။ ယားတယ်"
သူမ မျက်လုံးကိုဖွင့်ကြည့်သည့်အချိန် ပထမဆုံးမြင်တွေ့ရသည်မှာ သူမရဲ့ညှပ်ရိုးလေးကို ဘန်က နမ်းရှိုက်နေခြင်းကိုပင်။ ဘန်က သူမတစ်ကိုယ်လုံးကို နမ်းရှိုက်နေသည်မှာ ယခုအခါတွင်တော့ ညှပ်ရိုးလေး အလှည့်ဖြစ်မည်။
"အာ ဆာစီးနီယာ၊ ကိုယ်မင်းကို နှိုးဖို့ မရည်ရွယ်ပါဘူး"
သူမရဲ့ အသံကြားလိုက်သည်နှင့် ဘန်က ခေါင်းကိုမော့ကာ နှုတ်ခမ်းကိုခွာလိုက်သည်။ တပ်မက်မှုနှင့် ပြည့်နေသော သူ့ရဲ့ ခရမ်းရင့်ရောင် မျက်ဝန်းများမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"ရှင် ကျွန်မကို နေရာတိုင်းလိုက်နမ်းနေတာ မနိုးဘဲ နေနေအုံးမယ်"
အမှန်တကယ် တောင်းပန်နေသော ဘန်ကိုကြည့်ရင်း သူမ ရယ်မောလိုက်မိသည်။
ဘန်မှာ အမြဲတမ်း သူမထက်အရင်ထကာ သူမကို ရင်ထဲထိ ခံစားရသည့် အနမ်းများခြွေရင်း နှိုးသည်။ သူမတစ်ကိုယ်လုံးကို စွဲထင်နေအောင် အနမ်းချွေသည်မှာ နေရာလပ်ပင်မကျန်။ သို့သော် တစ်ရက်တွင် သူမရဲ့ ပေါင်တွင်းသားများဆီသို့ သူ့နှုတ်ခမ်းများ ရောက်ရှိလာသောအခါ သူမ အံ့ဩကာ မျက်လုံးဖွင့်ကြည့်မိသည်။