ဒီဇင်ဘာ 24။
စာမေးပွဲကလည်း မနေ့ကမှ ဖြေပြီးတာတစ်ကြောင်း ၊ ပြီးတော့ ဒီဇင်ဘာကျောင်းပိတ်ရက်လည်း ဖြစ်တာတစ်ကြောင်းမို့ Renjun တစ်ယောက်လွတ်လပ်ရေးရနေသည်။
အစကတော့ ကျောင်းပိတ်ရက်လေးမှာ ပျော်မယ် ပါးမယ် ရည်ရွယ်ထားပေမယ့် အခုတော့ တစ်ကိုယ်နည်း မှိုင်တွေနေရသည်။
အဲ့ဒါ Lee Jeno ကြောင့်။
ကျောင်းလေးပိတ်တာကို အိမ်မှာပဲ အေးအေးဆေးဆေးနားနေပါ့လား။ အခုတော့ သူငယ်ချင်းဆိုသည့် တစ်ယောက်နှင့် စာမေးပွဲအပြီး လျှောက်လည်နေတာတွေ တင်ထားသည်။
နှစ်ယောက်တွဲပုံတွေတော့ သေချာပေါက်မဟုတ်ဘူးပေါ့။ ဒါပေမယ့် captain မှာ photo by Lee Jeno ဆိုကကျ မဟုတ်သေးဘူးလေ။ ပုံတွေကြည့်ပြီး လူမှာ ခံစားနေရတာ။ Haechan ကတောင် ပြောသည်။ လဒမှိုင်,မှိုင်နေတာတဲ့။ ဘယ်သူကတော့ မှိုင်ချင်ပါ့မလဲ။ နှစ်ယောက်အလည်သွားတာကြီးကို ခဏတိုင်းတွေးမိနေတာကိုး။ အဲ့လို အတွေးတွေမတွေးချင်ပေမယ့် စိတ်ဆိုတာ တားမြစ်လို့ ရတာမျိုးမှမဟုတ်ဘဲလေ။ သူက အလိုလို မကောင်းတာတွေ တွေးမိတာမျိုး၊ စိတ်ကင်ဆာရတတ်တဲ့ အမျိုးမို့။
တော်ပြီ တော်ပြီ။ အဲ့ဒီ social media သာ မရှိရင် ဒီလို ရင်နာစရာတွေကို သူလွယ်လွယ်နဲ့ တွေ့မှာ မဟုတ်ဘူး။
Social media လည်းမကောင်းဘူး။
Lee Jeno လည်း မကောင်းဘူး။
အိပ်တာပဲကောင်းပါတယ်။
*
ဒီဇင်ဘာ 25။
Merry Christmas!!!!
သူများတွေက ပျော်နေပုံပါပဲ။ လမ်းတစ်လျှောက်လုံး အလှဆင်ထားပုံကလည်း မျက်စိပသာဒဖြစ်ဖွယ်ပါပဲ။ သနားစရာကောင်းတာကတော့ သူပဲပေါ့။ Lee Jeno ရဲ့ friend zone ထဲ အသွင်းခံရသည့် Renjunnie လေးပေါ့။
Jeno နဲ့ သူ့အိမ်က မျက်နှာချင်းဆိုင်မို့ Jeno တို့ အိမ်က လှုပ်ရှားမှုတွေကို အကုန်သိနေသည်။
တစ်အိမ်လုံးလှုပ်ရှားနေပေမယ့် Jeno ကို မတွေ့ရချေ။ Christmas မှာ ဟိုကောင်မလေးကို ဖွင့်ပြောလိုက်မှဖြင့်...
ဒီအတွေးတွေနဲ့ သူတော့ရူးတော့မှာပဲ။
သက်ပြင်းတစ်ချက်ချမိသည်။
"သားရေ Renjunnie လေး ဘွားဘွားဆီမုန့်လေးသွားပို့ပါဦး"
"ဟုတ် မားမား"
စိတ်ပြေလက်ပျောက် အပြင်ခဏထွက်တာကောင်းမည်ဟု တွေးလိုက်သည်။
ဘွားဘွားတို့အိမ်က သုံးလမ်းလောက်ပဲ ခြားသည်မို့ လမ်းလျှောက်ပြီးသာ ထွက်ခဲ့သည်။
ဘွားဘွားတို့အိမ်ကအပြန် Mark Hyung နဲ့တွေ့သည်။ ပြီးတော့ Hyung က သူ့ကို စက်ဘီးနဲ့ လိုက်ပို့သည်။
"Merry Christmas ,Renjun"
"Merry Christmas, Hyung "
"Renjun လေး မျက်နှာသိပ်မကြည်လင်သလိုပဲ"
Hyung က ပြောတော့ ဝမ်းနည်းလာပြန်သည်။
"အသည်းကွဲနေလို့"
"ဟား ဟား Lee Jeno ဘာလုပ်ပြန်ပြီလဲ"
ဘေးလူတွေတောင်သိသည့် သူ့နှလုံးသားကို Jeno မခံစားမိတာ ဘယ်လိုမှ သူနားမလည်နိုင်ပေ။
"ဒီလိုပါပဲ"
အိမ်ရှေ့ရောက်လာ၍ စက်ဘီးပေါ်က ဆင်းလိုက်သည်။
"Christmas မှာ ဘာလက်ဆောင်လိုချင်လဲ"
စက်ဘီးပေါ်က မဆင်းသေးသည့် Hyung နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော်က ကလေးလား"
"Hyung ရဲ့ ကလေးလေးလေ။ ပြော Hyung က ဖြည့်ဆည်းပေးမယ်"
"တော်ပါ"
Hyung က သူ့ဆံပင်လေးတွေကို လက်ဖြင့် ဖွသည်။
"လက်ဆောင်ပေးခဲ့ပြီနော်။ Good Luck, Renjunnie"
ပြောပြီး စက်ဘီးစီးထွက်သွားသည့် Hyung ကို သူနားမလည်မိ။ မစဉ်းစားတော့ဘဲ အိမ်ထဲဝင်ခဲ့သည်။
*
Jeno တစ်ယောက် နံနက်ခင်းကတည်းက Renjun ဆီက စာတစ်ကြောင်းတောင် ရောက်မလာ၍အံ့ဩနေသည်။ ခါတိုင်းဆိုလျှင် အခုလို Christmas ဆို "Merry Christmas"၊ New Year ဆိုလျှင် "Happy New Year" စသည်ဖြင့် စာလေးတွေ ပို့ပေးနေကြဖြစ်သည်။ ဒီလိုနေ့တွေမှ မဟုတ် နေ့တိုင်းမရိုးရအောင် စာတိုလေးတွေပို့နေကျ။ ဒီနေ့မှ ဘာဖြစ်သည်မသိ။ နေ့တိုင်းစာရနေကျဖြစ်၍ အခုလို မရတော့ ရင်မှာ ဟာတာတာ။
Renjun တို့ အိမ်ဘက် သွားမည်ပြင်တော့ ရင်ထဲအောင့်သွားသည်။ Mark Hyung စက်ဘီးနောက်ခုံပေါ်က Renjun ရယ်လေ။ စက်ဘီးပေါ်က ဆင်းတော့လည်း အိမ်ထဲ မဝင်သေးဘဲ ပြုံးရယ်ပြီး စကားတွေ ပြောနေသေးသည်။ ပြီးတော့ Hyung က Renjun ဆံပင်တွေကို ဖွသွားသေးသည်။ ပြီးတော့ သူ့ဘက်ကို လှည့်ကြည့်ပြီး မျက်စိတောင် မှိတ်ပြလိုက်သေး။
ဒေါသကထောင်းခနဲ။
လူကို စာတောင်မပို့ဘဲ သူကတော့ ပျော်မြူးနေသည်။ Mark Hyung ကလည်း ကလေး ကလေးဆိုပြီး အလိုလိုက်တာနဲ့ဆိုတော့ တကယ်လို့များ ဆိုသည့် အတွေးများနှင့် ရင်မှာအောင့်ခနဲ။
Renjun တို့ အိမ်ကို ရောက်တော့ ကိုယ်တော်ချောလေးက မျက်နှာညှိုးနေသည်။ ခုနကမှတွေ့ခဲ့တာကို အပိုတွေလုပ်နေသည်ဟု တိတ်တခိုးစွပ်စွဲပစ်လိုက်သည်။
"Mark Hyung နဲ့ ဘယ်ကပြန်လာတာလဲ"
"ဘွားဘွားတို့အိမ်က ပြန်လာတာတွေ့လို့ Hyung က လိုက်ပို့တာ"
"အသွားတုန်းက ဘယ်လိုသွားလို့ အပြန်ကိုလိုက်ပို့တာလဲ"
"ဘယ်လိုသွားသွားကွာ။ မင်းအပူပါလို့လား"
ပြောတာကိုက ဘောက်ဆတ်ဆတ်နဲ့ ။ သူ့ကို လာလာ ဖလစ်ပြီး တခြားသူနဲ့ ပျော်မြူးနေပြီးတော့။
"Renjun မေးတာဖြေကွာ"
သူ့အသံက အနည်းငယ်မာသွားသည်။ Renjun မျက်လုံးလေးများက မျက်ရည်များပြည့်လာသည်။ ဒါပေမယ့် Renjun က မျက်တောင်တွေကို တဖျပ်ဖျပ်ခတ်ပြီး မျက်ရည်များ ကျမလာအောင် ထိန်းနေသည်။
"မင်းက ဘာမှန်တာလုပ်ထားလို့ ငါ့ကို လာအော်နေတာလဲ။ မင်းကျတော့ ဟိုတစ်ယောက်နဲ့ တတွဲတွဲလျှောက်သွားနေပြီး Hyung က ငါ့ကို လိုက်ပို့တာကျမှ လာပြီး ပြဿနာရှာနေတယ်"
ပြောရင်း Renjun က ရှိုက်ငိုတော့ Renjun ကို သူ့ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ တရှုံ့ရှုံ့ငိုရင်း သူ့ရင်ဘက်ကို လက်သီးဆုပ်လေးတွေနဲ့ ထုသေးသည်။
"မင်းကို ကြိုက်နေတာမှန်း သိရက်သားနဲ့ ငါ့ကို ကြိုးရှည်ရှည်နဲ့လှန်ထားတယ်။ Lee Jeno အစုတ်ပလုပ်ကောင်"
ရင်ခွင်ထဲက Renjun ကို ထုတ်ပြီး မျက်ရည်တွေ သုတ်ပေးတော့ ငြိမ်ခံနေသည်။
"ဘာလို့စောစောက ဖွင့်မပြောတာလဲ။ ငါ့မှာ Mark Hyung နဲ့ သဝန်တိုရ၊ Haechan နဲ့ သဝန်တိုရနဲ့"
"ငါမပြောလည်း မင်းကစပြောပါ့လား။ ဒီလောက် ငါက မြောင်းဖောက်နေတာ ရေကစီးပေးမှပေါ့။ Mark Hyung က Haechan ကို ကြိုက်နေတာ အသိသာကြီးကို"
"ဒီနေ့ ဖွင့်ပြောမလို့"
Renjun က သူ့ရှေ့မှာ စူပုပ်ပုပ်လေးရပ်နေသည်။ ပါးဖောင်းဖောင်းလေးကို သူ့လက်နဲ့ အုပ်ကိုင်လိုက်ပြီး
"ချစ်တယ် Renjunnie ။ ငါ့ကောင်လေးဖြစ်ပေးပါလား"
သူ့ဖွင့်ပြောသံကြောင့် Renjun ပါးလေးတွေက နီထွေးထွေးလေးဖြစ်လာသည်။ အသည်းယားစွာနဲ့ နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်လိုက်သည်။ ပြန်လည်တုံ့ပြန်လာသည့် နှုတ်ခမ်းနွေးနွေးလေးကြောင့် အနမ်းတွေကို ပိုပြီး လှလှပပပုံဖော်မိသည်။
နှုတ်ခမ်းတွေကို ခွာပြီးတဲ့နောက် နဖူးချင်းထိထားပြီး တိုးတိုးလေးရေရွတ်မိသည်။
"Merry Christmas, ကိုယ့်အချစ်"
"Merry Merry Christmas နိုနို"The End
Merry Christmas ပါ အသည်းတို့ရေ။ Christmas မှာ noren couple နဲ့အတူ ဖြတ်သန်းပြီး ပျော်ရွှင်ခြင်းတွေ အများကြီး ပိုင်ဆိုင်ပါစေ။ Love you all !
YOU ARE READING
Christmas Confession
Fanfictionတစ်ဖက်သတ်သဘောကျရတဲ့သူကြောင့် Christmas မှာ အသည်းကွဲမယ်ထင်ခဲ့ပေမယ့်....