အခန်း(၂၁)

1.7K 91 12
                                    

ဘယ်လောက်အထိ ယုတ်မာနိုင်သလဲလို့မေးလာရင် မင်းတောင် တွေးမကြည့်နိုင်လောက်တဲ့အထိ ကိုယ်က ဆိုးသွမ်းတဲ့လူ။

အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းပြင်းရွေ့လျားနေတဲ့ ကားတစ်စီးက မြင်မြင်သမျှအရာတွေအကုန် ရှောင်ကွင်းမသွားဘဲ ဖြတ်တိုက်ပစ်နေတယ်။ နေဝန်းရဲ့ စိတ်တွေက ထိန်းချုပ်မရနိုင်အောင် လှုပ်ရှားနေပြီး သူကြိုးစားဖုံးကွယ်ထားတဲ့ အရာတစ်ခု ပွင့်အံထွက်ကျသွားမှာကို သေမတတ် ကြောက်ရွံနေသည်။

အကြောက်တရားက ထိန်းချုပ်ဖို့ သေအောင် ခက်ခဲတာပဲ။ ဘယ်လောက်ပဲ ကြိုးစားဖုံးကွယ်နေပါစေ အသိစိတ်တွေထဲကနေ ပျောက်ထွက်မသွားဘူး။ ပိုပိုကြောက်လာလေ ခြေလှမ်းတွေပိုယိုင်နဲ့လာလေပဲ။ မင်းကလွဲပြီး ကျန်တဲ့အရာတွေအကုန် အိမ်မက်ဆို သိပ်ကောင်းမယ်။

Mercedes ရှေ့ရှဲလ်ကြီးက လမ်းမှာ သူဖြတ်တိုက်ပစ်ခဲ့တဲ့ သတ္တဝါတစ်ကောင်ရဲ့ သွေးတွေနဲ့စွန်းထင်းနေတယ်။ ခွေးလား တောကောင် တစ်ကောင်ကောင်လား သေချာမသိတဲ့အရာကို သူဖြတ်ကြိတ်လိုက်တုန်းက ကားဘီးတွေအောက် လှိမ့်ဝင်သွားတဲ့ အထိအတွေ့ကို သိသိသာသာကြီး ခံစားနေရတုန်းပဲ။ ခုန်တက်သွားတဲ့ကားနဲ့အတူ သွေးစွန်းသွားတဲ့ ဘီးတွေ။ ကားကိုသူမရပ်ခဲ့သလို ဆင်းတောင်မကြည့်ခဲ့ဘူး အရှိန်ပိုတင်လိုက်ပြီး ရန်ကုန်ကိုသာ အမြန်ဆုံးနည်းနဲ့ပြေးသွားနေမိတာပဲ။

ဒီကိစ္စတွေကို အမြန်ပြီးစေချင်နေပြီ။ ရန်ကုန်ကို အမြန်ပြန်ပြီး အားလုံးကို အမြန်ဆုံး ခြေရာလက်ရာဖျောက်ချင်နေပြီ။
ဘယ်လောက်ပဲဆိုးရွားတဲ့ ကိစ္စတွေဖြစ်ပါစေ၊ အချိန်တစ်ခုကိုရောက်ရင် လူတွေကမေ့လျော့သွားတတ်တာပဲလေ။ စိုးရိမ်လာတာတစ်ခုက နန်းဝေရဲ့သေဆုံးမှုကို တစ်ယောက်သောသူ လက်မခံနိုင်မှာကိုပဲ။ စတင်တွေ့ဆုံမှုက ဘာလို့ ကောင်းမွန်တဲ့နေရာ တစ်ခုမှာ မဖြစ်ခဲ့ရတာလဲ။

သူတို့တွေ နေဝန်းဖွင့်ထားတဲ့ ပရဟိတ ဆေးကုသဆောင်တွေမှာ တွေ့ဆုံလို့ရတယ်လေ။ ဖြတ်သွားဖြတ်လာလုပ်ရင်း တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံလို့ရတယ်လေ။ အပျော်မယ်တွေကို ဆုပေးရင်း နန်းဝေနဲ့ တစ်မျိုးတမည် သိကျွမ်းပြီးလည်း စတင်လို့ရတာပဲ။ နည်းလမ်းတွေ အများကြီးရှိပါရက်နဲ့ ဘာလို့ သူကိုယ်တိုင် လက်တွေသွေးစွန်းပစ်ရတဲ့ အခြေအနေလဲ။

Even The Devil , Once An Angel(COMPLETED)Opowieści tętniące życiem. Odkryj je teraz