ဒဏ္ဍာရီလာ ပုံပြင်တွေထဲက ဆန်တာက ဘယ်လိုမျိုးလဲ?ပထမဆုံးနှင်းကျတဲ့အချိန် ဆုတောင်းရင်ပြည့်တယ်
"အေးတယ် ဂယူဗင်း မြန်မြန်၀င်လာ"
ဆုတောင်းက တစ်ခုတည်းပဲ ဆန်တာကို
တွေ့ရပါစေ။1.
ပထမနှစ် ခရစ္စမတ်မှာ ဆန်တာ ရောက်မလာခဲ့ဘူး။
နှင်းတွေထူပိန်းနေတဲ့ ဘေးအိမ်မှာ လူမရှိဘူး။2.
ဒုတိယနှစ် ခရစ္စမတ်မှာ ဆန်တာ ရောက်မလာခဲ့ဘူး။
ဘေးအိမ်က မီးလင်းဖိုကနေ မီးရိပ်တွေမြင်နေရတယ်။ဆန်တာ မဟုတ်ပေမဲ့ ဆံပင်ငွေမှင်ရောင်နဲ့ ကောင်လေးကို တွေ့ခဲ့တယ်။ အိုး သူမှာ ဆန်တာနဲ့
တူတဲ့ ဆံပင်အရောင်တွေရှိတာပဲ။3.
တတိယနှစ် ခရစ္စမတ်မှာ ဆန်တာ ရောက်မလာခဲ့ဘူး။ဘေးအိမ်က ကောင်လေးကတော့ ဂယူဗင်းတို့နဲ့အတူတူ ညလယ်စာ စားဖို့ ရောက်လာခဲ့တယ်။ သေချာကြည့်မိတော့ သမင်လေးတွေထက် လှတဲ့ မျက်နှာပုံစံရှိတယ်။ ဂယူဗင်းစာအုပ်တွေမှာ
မြင်ခဲ့ဖူးတဲ့ ဆန်တာရဲ့သမင်တွေထက် ပိုလှတယ်။4.
စတုတ္ထနှစ် ခရစ္စမတ်မှာ ဆန်တာ ရောက်မလာခဲ့ဘူး။
ဂယူဗင်းက သိပ်ပြီးတော့ ဆန်တာကို မမျှော်တော့ဘူး။အဲဒီအစား တိုင်ကပ်နာရီကို တစ်ချက်ကြည့်မိတယ်။ဘေးအိမ်က ကောင်လေး ဘယ်တော့လာမလဲ ဆိုတာကို မျှော်မိနေတယ်။
နှင်းပွင့်လေးတွေ ကျလာတော့ လက်နဲ့လှမ်းခံတယ်။
စာတိုက်ပုံးမှာ စာတစ်စောင်ရောက်လာခဲ့တယ်။
အနီရောင်ခရင်မ်တွေများများနဲ့ ကွတ်ကီးတစ်ခုပါပြီး ပို့သူနေရာမှာ ရစ်ခီရှန် လို့ရေးထားတယ်။ ဆန်တာပေးတဲ့ လက်ဆောင်ထက် ပိုအဖိုးတန်တယ်။5.
ပဥ္စမနှစ် ခရစ္စမတ်မှာ ဆန်တာ ရောက်မလာခဲ့ဘူး။
ဒါပေမဲ့ ရစ်ခီကတော့ ရောက်လာခဲ့တယ်။
ချောကလတ်ပူပူလေးတစ်ခွက်ကို ဖျော်တိုက်ရင်း ထွေရာလေးပါးပြောတယ်။
ဂယူဗင်းအာရုံတွေက စကားဝိုင်းထဲမှာ သိပ်မရှိ။
ချောကလတ်အမှုန်လေးတွေကပ်နေသည့် နှုတ်ခမ်းပါးလေးမှာပဲရှိတယ်
။ ထိကြည့်လိုက်တော့ ဂျယ်လီလေးလို အိအိလေး။
မျက်နှာလှလှလေးကပန်းရောင်သန်းသွားတော့
ဂယူဗင်းက စိတ်ထဲမှာ တစ်ခုမှတ်ထားလိုက်တယ်။
ရစ်ခီက စတော်ဘယ်ရီသီးလေး။