"အိပ်မနေတာ ကိုယ် သိတယ် ..... "
ထယ်ရယ့်အသံကြောင့် ခုတင်ထက်က ယူဂျင်းလာကြည့်ကတည်းက မျက်လုံးမှိတ်ထားတဲ့ ရစ်ခီက အခုမှ မျက်လုံးဖွင့်လို့လာသည်။ ပြီးနောက် ထထိုင်လာတာမလို့ ထယ်ရယ် ရစ်ခီ့ နောက်ကျောထက်ခေါင်းအုံးတို့ကိုခုကာ ခံပေးရင်း ထိုင်ရတာ အဆင်ပြေအောင် လုပ်ပေးလိုက်သည်။ ပြီးမှ စာကြည့်စားပွဲက ထိုင်ခုံအား ခုတင်ဘေးယူကာ ထိုင်လိုက်ရင်း .....
"ဘာဖြစ်လာတာလဲ ..."
"..........."
အဖြေပြန်မလာပဲ ခေါင်းပဲငုံ့ထားတဲ့ ရစ်ခီရှန်။ ထယ်ရယ် သက်ပြင်းတစ်ချက်ချလိုက်ရင်း ....
" ဘယ်လိုဖြစ်လို့ ဓားဒဏ်ရာပါရ ရတဲ့အထိ ဖြစ်လာရတာလဲ ... မင်း နည်းနည်းလေးမှတစ်နေ့လောက် ရန်မဖြစ်ဘဲ ဒဏ်ရာမရဘဲ အေးဆေးနေဖို့စိတ်ကူးမရှိဘူးလား ...."
ထယ်ရယ်အားမလိုအားမရအသံနဲ့ပြောတော့ ထိုအခါမှ ရစ်ခီက ထယ်ရယ့်အားစိုက်ကြည့်လာသည်။ ထယ်ရယ့်မျက်ဝန်းတို့ထက် ခနတာစိုက်ကြည့်ပြီးနောက် ရုတ်တရက် ခုတင်ပေါ်ကထရပ်သည်။
"ဒါက ဘယ်လဲ ..... "
ထယ်ရယ်မေးတာမဖြေပြန် ။ အခန်းထဲကထွက်သွားတဲ့သူကြောင့် ထယ်ရယ်နောက်ကလိုက်သည်။
"ရစ်ခီရှန် ဘယ်လဲလို့ ... ဒဏ်ရာကြီးနဲ့ကို ... ခုရပ်စမ်း... "
ထယ်ရယ်ပြောလည်းအရေးမစိုက်ဘဲ အိမ်အောက်ထပ်ထိဆင်းသွားတာမို့ စိတ်တို့ကတိုလာရင်း ....
"ရစ်ခီရှန် !!!....... "
ထယ်ရယ် အော်ပစ်တော့မှ တံခါးမကြီးအားဖွင့်ဖို့လုပ်နေသည့် လက်တို့ကရပ်သွားသည်။ အိမ်မှာ ပါးနဲ့မားတို့မရှိတာတော်သေးသည်။ထယ်ရယ်က စိတ်တိုမိရင် ပတ်ဝန်းကျင်ကိုလည်းသတိမရတတ်တဲ့သူမို့ ။ ထယ်ရယ် ကျောပေးထားတဲ့ ခန္ဓာကိုယ်အား ဆွဲလှည့်ပစ်တော့ နီရဲနေသည့်မျက်ဝန်းတို့က မျက်ရည်ဝိုင်းလို့နေသည်။ ထိုမျက်ဝန်းတို့ကိုမြင်သည့်အခါ ပြောမဲ့စကားတို့က အလိုလို ပျောက်ကွယ်သွားသည်။
" ရစ်ခီ ..... "
"မကြည့်နဲ့ အဲလိုအကြည့်တွေနဲ့ .မကြည့်နဲ့...နေနေတာပဲ.... ကျွန်တော်လည်း ကောင်းအောင်နေနေတာပဲ ... ကျွန်တော်စလို့ဖြစ်တာမှမဟုတ်တာ ဘာလို့ကျွန်တော့်အပြစ်ပဲဖြစ်ရပြန်တာလဲ ... "
YOU ARE READING
HOME
Fanfiction~ ကိုယ်က မင်း မှီခိုလို့ ရနိုင်မဲ့ နေရာ ~ မင်းက ကိုယ်မှီခိုလို့ ရမဲ့နိုင် နေရာ ~ Cause I'm your home 🏠