Chapter:25
ထုန်ကျွင်းသည် သူမရှေ့မှရပ်တန့်သွားသောကားကို လှမ်းကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။ ကားထဲမှာ ဘယ်လိုလူလဲ ဆိုတာကို ကြည့်ဖို့ ခေါင်းငုံ့လိုက်ရာ အရပ်ရှည်ပြီး ထွားကြိုင်းသော ကိုယ်ရံတော်နှစ်ယောက်က သူမ၏လမ်းတွင် ပိတ်ဆို့ထားလျက် အသံမာမာဖြင့်ဆိုကြသည်။
“ကျေးဇူးပြုပြီး ဆယ့်ငါးပေအကွာကို နောက်ပြန်ဆုတ်ပေးပါခင်ဗျ။ ကားပေါ်ကလူက မင်းဒီလိုကြည့်နိုင်တဲ့လူမဟုတ်ပါဘူး"
"အဲဒီလူက ဘာမို့လို့လဲ။ ဒီကားပါကင်က သူပိုင်နေလို့လား"
ထုန်းကျွင်း၏ အမူအရာမှာ အလွန်ရုပ်ဆိုးနေသည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် မနာလို၊ ဒေါသဖြစ်ခဲ့ရသည်။
"ရှင်တို့က ဘယ်သူတွေလဲ၊ ထုန်လုက ကျွန်မအစ်မဆိုတာသိလား၊ ရှင်တို့ သူမကို ကားပေါ်ဖိတ်ချင်တာလား။ပြောထားပါမယ်ရှင် အစ်မက မုဆိုးမလေ ၊ကလေးတောင် ရှိတယ်။"
ရှီးယန်က မျက်မှောင်ကြုတ်ကာ တားလိုက်တယ်။
"ထုန်ကျွင်း ဘာလို့အဲ့အကြောင်းတွေပြောနေတာလဲ?"
"အစ်ကိုရှီးယန်၊ ညီမလည်း မမအတွက် ပဲ တွေးနေတာ"
ထုန်ကျွင်းက ရုတ်တရက် ဝမ်းနည်းတဲ့အမူအရာကိုဖမ်းကာ“မမက ပိုက်ဆံအတွက်ဆို ဘာမဆိုလုပ်တတ်တဲ့သူမျိုးဆိုတာ ရှင်မသိတာလဲမဟုတ်ပဲနဲ့။ လွန်ခဲ့သောနှစ်အနည်းငယ်က သေဆုံးသွားတဲ့ခဲအိုကိုတောင် ပိုက်ဆံကြောင့်နဲ့ လက်ထပ်ခဲ့တာ။အခုကနောက်ကျနေပြီ။ပိုက်ဆံကြောင့် မလျော်ကန်တဲ့ တစ်ခုခုလုပ်ရပ်တွေ ထပ်လုပ်ရင် ဘယ်လိုလုပ်မလဲ။”
ထုန်လုက သူမကို အေးစက်စွာ ကြည့်ပြီး အော်လိုက်သည်။
"ထုန်ကျွင်း၊ ပါးစပ်ပိတ်ထား"
ရှိီးယန်၏အမူအရာဟာလည်း အေးစက်သွားတယ်။"လုလုက သူမအဖွားရဲ့ ဆေးကုစရိတ်အတွက် သူလုပ်ခဲ့ရတာ။ မင်းအဖေသာ ကူညီချင်စိတ်ရှိရင် ဒီလိုအခြေအနေထိဖြစ်မှာမဟုတ်ဘူး”
ထိုအခါထုန်ကျွင်း၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာပြီး မျက်ရည်ဝဲလျက်