( UNICODE )
( ဇာတ်သိမ်းပိုင်း )
ဆောင်းရာသီဝင်လာပြီဖြစ်ရာ ရာသီဥတုက အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာပြီ။မြူနှင်းမှုန်တွေကျဆင်းတတ်သည့် တစ်ချို့မနက်ခင်းတွေဆို လက်ကလေး၊ခြေကလေးလှုပ်ဖို့ပင် ဝန်လေးတတ်ကြသေးသည်။ဆောင်းမနက်ခင်းတွေနဲ့အပြိုင် အိပ်ရာထဲကွေးနေရတဲ့အရသာက ဘာနဲ့မှအစားမထိုးနိုင်ဘူး။
အထူးသဖြင့် ကိုယ့်ဂျွန်ဂျီမင်းကိုဖက်အိပ်ရတဲ့ဖီလ်လင်မျိုးပေါ့။ဘာနဲ့မှ မလဲနိုင်တော့သည့်
ကိုယ့်နိဗ္ဗာန်ဘုံလေး။ဆောင်းရာသီကိုလည်းကြိုက်သလို ဂျွန်ဂျီမင်းကိုဖက်အိပ်ရတာပိုလို့တောင်ကြိုက်သေးတယ်။ပြတင်းပေါက်ကနေ သုန်ခနဲဖြတ်ဝင်လာသည့်ဆောင်းလေတွေကြောင့် ချမ်းစိမ့်စိမ့်ခံစားချက်တွေနဲ့အတူ ဂျောင်ကုခန္ဓာကိုယ်မှာလူးလွန့်လာရသည်။ပေါ့ပါးလျက် မျက်ခွံတွေပွင့်လာပုံက အိပ်ရေးဝလင်ကြောင်း သက်သေခံသည်။
မျက်လုံးရှေ့မှာမြင်နေရတဲ့ ဂျွန်ဂျီမင်းကြောင့်
သူ့နှုတ်ခမ်းမှာပြုံးမိရင်း အလွန်အလွန့်ကိုစိတ်ချမ်းသာနေပုံလည်းရသည်။မျက်နှာချင်းဆိုင်အိပ်နေကြသည့်အနေအထားပေမို့ ဂျွန်ဂျီမင်းရဲ့မျက်နှာလေးကို အမြတ်တနိုးသူငေးသည်။
ခေါင်းအုံးလေးထံ တွဲကျနေသည့်ပါးပေါက်စီလေးတစ်ဖက်ကို လက်မဖြင့်ဖွဖွပွတ်ပစ်၏။အဲ့ဒီနောက် မြတ်နိုးရသူလေးကို ရင်ခွင်ထဲဆွဲထည့်ပစ်ပြီး ဆောင်းရာသီရဲ့အအေးဓာတ်တွေကိုသူ့ရင်ငွေ့နဲ့နွေးစေသည်။မေးစိလေးနစ်မြုပ်သည့်အထိ ခြုံစောင်လေးကိုလွှမ်းခြုံပေးကာရင်ခွင်ထဲထပ်မံကာ ထွေးထားပြန်သေးသည်။အင်း..ခါးပေါ်ပြန်ရောက်လာသောလက်ကလေးတစ်ဖက်ကြောင့်တော့ သူ့နှုတ်ခမ်းတွေကိုပြုံးသွားရသည်လေ။
အိပ်ရေးဝနေပြီဆိုသော်ငြားလည်း အကြင်နာပိုပိုပေးရမည့်သူလေးကအနားရိှနေတော့ ပြုံးဖြီးဖြီးမျက်နှာကြီးဖြင့်မျက်လုံးတွေကိုမှိတ်ပစ်ပြီး ရင်ခွင်ထဲရောက်နေသည့်ခေါင်းလုံးလုံးကို
တရှိုက်ရှိုက်မက်မက်နမ်းပစ်လိုက်သည်။ထိုအခိုက် အခန်းတံခါးခေါက်သံကြားလိုက်ရ၍
မျက်နှာကြီးမှာ ဆယ်ဘဝလောက်အိုစာသွားလေသည်။