💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}
{အခန်း၇}
မိုးထိကမ်းနားပြောတော့ တခြားနေရာမှာပဲနေရမည်ဆိုပြီး အခုကျအရင်အိမ်ကိုပဲပြန်ခေါ်လာသည်မို့ ဖွဲ့မျက်မှောင်ကြုတ်ကာကောင်းကင်ကိုကြည့်လိုက်သည်။
"ပြောတော့တခြားနေရာဆို ဘာလို့ဒီအိမ်ပဲလဲ"
"ဟုတ်ပါတယ်မမလေးဒီအိမ်ရဲ့တခြားနေရာပါ..အမြဲတမ်းတော့မမလေးအဲ့နေရာမှာနေရမှာမဟုတ်ပါဘူး မမလေးစိတ်ကြိုက်ခြံထဲမှာလဲနေလို့ရပါတယ်"
"မိုးထိကမ်းနားကအဲ့လိုပဲမှာခဲ့တာလား..."
"ဟုတ်ပါတယ်မမလေး"
"ကောင်းကင်ရယ် ငါ့ကိုမမလေးလို့မခေါ်စမ်းပါနဲ့ နားထဲကြားရတာရှုပ်လိုက်တာ..."
"တောင်းပန်ပါတယ်အကိုလေးကအဲ့လိုပဲမှာခဲ့..."
"ကျစ်!!...အခုသူမှမရှိပဲနဲ့..."
"ဒါပေမယ့်..."
"ဖွဲ့လို့ခေါ်.."
"ဟင်...မခေါ်ရဲပါဘူးမမလေး..အကိုလေးသိရင် ကျွန်တော်သေမှာ"
ကောင်းကင်ရဲ့အလန့်တကြားငြင်းဆန်လိုက်ပုံကြောင့် ဖွဲ့မိုးထိကမ်းနားကိုဒေါသဖြစ်မိလေသည်။သူမသိခဲ့သည့်တစ်ချိန်ကကောင်းကင်ဆိုသူဟာအခုတော့လဲ သူစိမ်းတစ်ယောက်သာသာပင်။
"အနောက်ဖက်မှာရေကူးကန်လဲရှိတာမို့ မမလေးရေကူးချင်ရင်အချိန်မရွေးပြောပါ"
"ငါရေမကူးတတ်ဘူး.."
"ဗျာ!!.."
ရေမကူးတတ်သည့်ဖွဲ့ကိုကြည့်ကာ ကောင်းကင်ကပြုံးစိစိဖြစ်နေသည်။
"ဘာလို့ပြုံးနေတာလဲကောင်းကင် ငါရေမကူးတတ်တာကိုနင်အသိလေဘာလဲမေ့သွားတာလား..ရေမကူးတတ်တာထက်ငါကရေကိုကြောက်တာလေ"
ဖွဲ့စကားကြောင့် ကောင်းကင်မျက်နှာကညိုးကျသွားလေသည်။
"အင်းပေါ့လေ အချိန်တွေလဲကြာခဲ့ပြီဆိုတော့ နင်မေ့ရင်လဲမေ့သွားမှာပေါ့..."
စိတ်မကောင်းဖြစ်စွာပြောလိုက်သည့်ဖွဲ့စကားကြောင့် ကောင်းကင်ကအပြစ်ရှိသူတစ်ယောက်ပမာခေါင်းကိုငုံ့ထား၍
ВЫ ЧИТАЕТЕ
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}
Любовные романы"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"