Ep-9. U/Z

57 3 3
                                    

"မ အဆင်ပြေရဲ့လား"

နွေးသစ် နိုးလာတာနဲ့ ကြားလိုက်ရတာကတော့ ဇေယျာ့အသံပင်ဖြစ်တယ်။ ထိုအချိန် နွေးသစ်ခေါင်းထဲ၌ "မဒီတော့ပြောလိုက်ပြီထင်တယ် ငါသူ့ကိုစိတ်မပူစေချင်ပါဘူးဆို" လို့တွေးနေလျက်

"မောင် ဒီကိုဘယ်လိုရောက်လာတာလဲ"
"မဒီပြောပြလို့ရောက်လာတာ တော်သေးတယ် မ ဘာမှမဖြစ်လို့"

နွေးသစ်ချိုက ထင်တဲ့အတိုင်းဖြစ်လာလို့ မျက်လွှာချနေလျက်ရှိတယ် ထိုအချိန် ဇေယျာကလည်း လေသံတင်းလာကာ

"မ မောင့်ကိုဘာလို့မပြောပြရတာလဲ မောင့်ကိုဖုံးကွယ်ထားတာတွေရှိသေးလား"

"မဟုတ်ရပါဘူး မောင်ရယ် မ ကမောင့်ကို စိတ်မပူစေချင်လို့ပါ ပြီးတော့ မောင့်ကို attention ယူသလိုဖြစ်နေမိမှာစိုးလို့"

"ဖြစ်စရာလား မ ကိုစောင့်ရှောက်ပေးရမှာ မောင့်တာဝန်လေ အဲ့တာကို မ က attention လိုချင်တယ်ပြောရင်တော့ မ သိပ်ရက်စက်သွားပြီ"

"မ တောင်းပန်ပါတယ်ရှင် နောက်ဆို မ ဘာဖြစ်ဖြစ် မောင့်ကိုပြောပါ့မယ်နော်"

ထိုအချိန်.....

"အမလေးတော် ငါ့ကိုမေ့နေကြတာလား ငါတစ်ယောက်လုံးဘေးမှာ ငုတ်တုတ်ကြီးရှိနေတာနော် နင်တို့အလွမ်းသယ်ချင်ရင် ပြီးမှသယ်ကြ"

မဒီကဝင်ပြောတော့ ဇေယျာကော နွေးသစ်ချိုပါ ရှက်ပြီး ပြုံးရယ်နေမိတယ်

မဒီအဲ့လိုဝင်ပြောတာက စနောက်နေတယ်လို့ သူတို့ထင်နေပေမယ့် မဒီကတော့ သူချစ်ရတဲ့ နွေးသစ်ကို နောက်တစ်ယောက်က ယူသွားမှာကိုမလိုလားဘူးလေ မဒီကအမြဲခံစားချက်တွေကိုဖုံးကွယ်ထားတာမို့ သူ့ကိုယ်သူပဲ အပြစ်တင်နေတော့တယ်။

နောက်တစ်နေ့ နွေးသစ် ​ဆေးရုံကဆင်းတော့ ဇေယျာက သွားကြိုပါတယ်။ နွေးသစ်က အိမ်လိုက်ဖို့ခေါ်ပေမယ့် ဇေယျာက အားနာလို့လုပ်စရာလေးတွေရှိသေးတယ်လို့ပဲ လိမ်ပြောရတာပေါ့။
ကားပေါ်မှာ သူတို့နှစ်ယောက် စကားပြောနေစဥ် ဇေယျာ ဖုန်းက အသံမြည်လာတော့တယ်။

"မောင် ဖုန်းလာနေတယ် ကိုင်လိုက်ဦးလေ"

"ဟုတ်"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now