''စာစစ်တော့မှာမို့လွယ်အိတ်တွေအကုန်သိမ်းထားကြတော့''
အတန်းရှေ့က ဆရာ့ရဲ့အသံကြောင့် Ricky ခေါင်းကိုတစ်ချက်ကုတ်လိုက်ပြီး ဘောပင်အိတ်ကိုဖွင့်ကြည့်လိုက်သည် ခဲတံသုံးရမယ့်အပိုင်းတွေများသည့်နေ့မှ ခဲဖျက်ကပါမလာပေ။
''Gyuvin ငါ့ကိုခဲဖျက်ခနဌားဦးကွာ''
ဘေးမှသူငယ်ချင်းဖြစ်သူ Gyuvin ကိုခဲဖျက်လှမ်းဌားသော်လည်း Gyuvin ကတော့သူ့အကျင့်အတိုင်း မျက်နှာပြောင်ပြပြီးမဌားဘူးဟုဆိုတာတစ်ဖက်ကိုလှည့်သွားတော့သည်
''ကျနော့်ဆီကယူထားလိုက်ကျနော့်မှာအပိုနောက်တစ်ခုပါသေးတယ်''
Ricky သူ့ဘေးခုံမှာထိုင်နေတဲ့ သူကြိတ်ချစ်နေရသည့် Crush လေး Yujin ထံမှအသံထွက်လာသည်ကိုချစ်စဖွယ်ငေးကြည့်မိသည် ရုပ်လေးသာမကစိတ်ထားလေးကပါလှပသည့်ထိုကလေးလေးကို သူချစ်မိတာသူ့အလွန်မဟုတ်ပါချေ။
ငေးနေသည့်သူအား Yujin လေးရဲ့ စကားထပ်ပြောသံကလက်ရှိကိုပြန်ခေါ်ဆောင်လိုက်သည်
''Hyung ယူမယ်မလား''
''ယူမယ်လေ ကျေးဇူးနော် Yujin ''
ရင်တွေအခုန်မြန်လာပြီးစကားထပ်မပြောနိုင်တော့သဖြင့် Ricky တစ်ဖက်သို့အမြန်ပြန်လှည့်လိုက်ရသည်
Yujin ပေးထားသည့်ခဲဖျက်အဖုံးကိုမရည်ရွယ်ပဲဖွင့်ကြည့်လိုက်မိသည့် Ricky ခဲဖျက်မှာရေးထားသည့်နာမည်နဲ့အီမိုဂျီကြောင့် Ricky ပါးစပ်အဟောင်းသားဖြစ်သွားရသည်
''Kim Jiwoong ♥''
Ricky အတွေးတွေချာချာလည်သွားရသည် သူ့ရဲ့ချစ်လှစွာသော Crush လေး Yujin က Kim Jiwoong ကိုချစ်နေတာကိုသိသွားခြင်းကြောင့် စိတ်ထဲမကောင်းတော့ချေ။
အတွေးတွေလွန်နေတုန်း ခဲဖျက်က ရှေ့ခုံမှာထိုင်နေတဲ့Kim Jiwoong ရဲ့ရှေ့တည့်တည့်ကိုပြုတ်ကျသွားသည်
''ပြုတ်ကျနေပြီ ဒီမှာ''
ခဲဖျက်မှာရေးထားတဲ့နာမည်ကိုတွေ့မသွားပါစေနဲ့ဟုRicky ဆုတောင်းပေမယ့်ဆုတောင်းမပြည့်ခဲ့ပါချေ။
Kim Jiwoong သူ့ခေါင်းကိုလှည့်လာပြီးမျက်လုံးပြူးကာမေးလာခဲ့သည်