Unicode
Chapter 02 - လယ်ယာအမွေဆက်ခံခြင်း
နှစ်ရက်နှင့်တစ်ည ရွက်လွှင့်ပြီးနောက် နောက်ဆုံးတွင် ၎င်း၏ကူးပြောင်းလာမှုအပြီး သုံးရက်မြောက်နေ့၌ ကုပိုင်သည် သူဦးတည်နေသည့်နေရာသို့ ဆိုက်ရောက်လာတော့သည်။
ကြယ်ဆိပ်ကမ်းရှိ အဆောက်အဦများသည် သေးငယ်ပြီး ဟောင်းနွမ်းနေ၏။ လမ်းသွားလမ်းလာ အနည်းငယ်မျှသာ လမ်းလျှောက်နေကြပြီး အဝါရောင်အသားအရေနှင့် ၀မ်းနည်းစိတ်အားငယ်နေကြသလိုပင်။ သူတို့သည် သက်ဝင်တက်ကြွဟန်မရှိသလို အသက်ဓာတ်အကြီးအကျယ်ထိခိုက်ပျက်စီးနေသည့် လမ်းလျှောက်နေသည့်ဖုတ်ကောင်များနှင့် ပို၍တူလေသည်။
ဤနေရာသည် ရှန်ပိုင်လာခဲ့သည့် ဗဟိုကြယ်ထက် ပိုဆိုးသည်။ ရှန်ပိုင်တစ်ယောက် မျှော်လင့်ချက်မရှိတော့ဘဲ သူ့ကိုယ်သူသတ်သေသွားသည်မှာ အံ့သြစရာမဟုတ်ပေ။ သို့သော် ကုပိုင်အတွက်ကတော့ သူ့နောက်ဆုံးဘဝတွင် အရာအားလုံးခံစားခဲ့ရပြီးနောက် ဤနေရာက ကောင်းကင်ဘုံကဲ့သို့ပင်။
"သခင်လေးပိုင်လား?"
အိုမင်းအက်ရှသောအသံတစ်သံ ထွက်ပေါ်လာသည်။ ကုပိုင်သည် အသံနောက်ကိုလိုက်၍ မုတ်ဆိတ်မွေးများနှင့်ဆံပင်ဖြူအဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ကုပိုင် ခေါင်းညိတ်ပြလိုက်သည်နှင့် ထိုလူ၏မျက်၀န်းများသည် ပျော်ရွှင်မှုများ၊မျက်ရည်များဖြင့် ပြည့်နှက်သွားတော့သည်။
"အဘိုးက ကုချီ သခင်လေးအမေရဲ့မွေးမိသားစုဖြစ်တဲ့ ကုမိသားစုထဲက အိမ်တော်ထိန်းကုပါ သခင်လေးပိုင် သခင်လေးကို အဘိုးစောင့်နေတာကြာပြီ" အိမ်တော်ထိန်းကုသည် အလွန်စိတ်လှုပ်ရှားနေခဲ့၏။
စီနီယာကုနှင့်အတူ ကြီးပြင်းလာသူဖြစ်သည့်ကုချီသည် ကုမိသားစုကို အနှစ်တစ်ရာကျော် အမှုထမ်းခဲ့သည်။ ကုယွီယန် သူ့မျက်စိရှေ့တွင် ကြီးပြင်းလာပြီးနောက် မှားယွင်းသည့်လူနှင့်လက်ထပ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် မည်သို့သေဆုံးသွားသည်ကို သူမြင်ခဲ့ရသည်။
ရှန်ချုံးယဲ့၏အတွေးများက သူ့ကို ရယ်သွမ်းသွေးစေပြီး ဤအရာအားလုံးကို ငြီးငွေ့စေသော်ငြား ကုပိုင်ကြောင့် ကုချီသည် ထိုလူယုတ်မာကို မလွန်ဆန်ခဲ့ပေ။ မဟုတ်လျှင် သူလုပ်သည့်ကိစ္စက မည်သည့်တန်ဖိုးပေးရပေးရ ထိုလူကို သူပေးဆပ်စေမည်ပင်။