Unicode
* အားစန်း, မင်း အရမ်းကြည့်ကောင်းနေတုန်းပဲ
ချန်ကျင်စန်း sex ကိစ္စလုပ်ပြီးနောက် စီးကရက် သောက်နေချိန် တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။
နီညိုရောင်ဆံပင်နှင့် အဝတ်ဗလာလူတစ်ယောက်သည် အိပ်ရာပေါ် လဲနေလျက်ရှိပြီး သူ၏တင်ပါး
တွင် အဖြူရောင်စေးပျစ်ပျစ်အရည်များနှင့် ရွှဲစိုနေသည်။ အသက်ရှူဖို့အတွက် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူပြောလိုက်သည်။
" Sean, မင်းကတကယ် အံ့သြဖို့ကောင်းတာပဲ။မနက်ဖြန်ညကြရင် ထပ်လာအုံးမှာလား?"ချန်ကျင်စန်းက marlobo စီးကရက်ကို မျက်လွှာချလျက် သောက်နေခဲ့ပြီး သူ့လက်ချောင်းကြားရှိ ဆေးလိပ်မီးမှာ ရဲရဲတောက်နေခဲ့သည်။
တံခါးခေါက်သံ နှစ်ချက်ထွက်ပေါ်လာသောအခါ "ဝင်ခဲ့" ဟု ပြောလိုက်သည်။
ရောင်ရှန့် တံခါးတွန်းဖွင့်ပြီး အကန်းမျက်စိပမာ အခန်းထဲသို့ လှည့်လာခဲ့သည်။
"အစ်မယွီ ဖုန်းဆက်လာတာ။ဖုန်းကိုင်မှာလား?"ချန်ကျင်စန်း မျက်မှောင်ကြုတ်ပြီး သူ့ကိုမေးလိုက်သည်။ " ဘယ် အစ်မယွီလဲ?"
ရောင်ရှန့်သည် လမ်းလျှောက်လာပြီး သူ့ရှေ့သို့ရောက်နေပြီဖြစ်သည်။
" ချန်ယွီ "ချန်ကျင်စန်း ခဏတာ မှင်သက်သွားမိသည်။ထိုနာမည်မှ သယ်ဆောင်လာသော အမှတ်တရများသည် သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးဆီသို့ လျင်လျင်မြန်မြန်ဖြတ်ကျော်ဝင်ရောက်လာသော်လည်း အကျိုးသက်ရောက်မှူသည် အားနည်းစွာဖြင့် ပျောက်ကွယ်သွားတော့သည်။
သူသည် မျက်နှာ အမူအရာအမဲ့စွာဖြင့် ဖုန်းကိုယူပြီး ပြောလိုက်သည်။ "Hello"
ဖုန်း၏ တစ်ခြားတစ်ဖက်တွင်ရှိသော အမျိုးသမီး၏အသံသည် ကွဲအက်ပြီးဖျော့တော့နေခဲ့သည်။သို့ပေမယ့် သူမသည် တဲ့တိုးဆန်စွာပြောလာခဲ့သည်။
" အားစန်း, ငါသေတော့မယ်"ချန်ကျင်စန်း ချက်ချင်းမတုံ့ပြန်ခဲ့ပေ။ ချန်ယွီကထပ်ပြောလာခဲ့သည်။
"ငါမင်းဆီကို လူတစ်ယောက်အပ်ချင်လို့။အချိန်ရရင် လာခဲ့ပါ"
YOU ARE READING
纽约往事 <New York Memoris> Mm Trans
AdventureAuthor - 凌伊 *Ling Yi* Title - 纽约往事 *New York Memoris* Status - 50 chapters+ 3 Extras This is just a fan translation!! I'm not own about this nv. All credit to original author. Before you read it, i want to tell you that this nv is 18+ nv with a lot...