Recommended Song
" You are the reason "
Flash back Hanbinnie 🍃ဟာအိုထွက်သွားပြီး ဟန်ဘင်း ဆောက်တည်ရာမရ
ခန္ဓာကိုယ်နည်းနည်းမှ လှုပ်ဖို့ အားမရှိ လက်ချောင်းလေးတောင်မှ မလှုပ်ချင် စိတ်နဲ့ လူနဲ့ မကပ်
ဘယ်မှလည်း မသွားချင်
ဘာမှလည်း လုပ်ချင်စိတ်မရှိ
စားဖို့ဆိုဝေး ရေတောင်ထမသောက်
ဂွန်းနုကိုခွင့်တောင်းပြီး ဟာအို့ အငွေ့အသက်တွေရှိတဲ့ ဟာအို့အခန်းထဲမှာပဲ နေခဲ့တယ်
ဖုန်းထဲက ပုံလေးတွေ အမှတ်တရလေးတွေ ပြန်ကြည့်လိုက် မျက်ရည်ကျလိုက်
သူ့ SNS account မှာတော့ ဘာမှတင်ထားတာမရှိ
ဟာအိုကတော့ Instagram account ထဲမှာ သူ့ရဲ့ လက်ပုံလေးတွေ သူ့အရိပ်ပုံလေးတွေ သူဝယ်လာတဲ့ မုန့်လေးတွေကို ရှု့ထောင် အမျိုးမျိုးကရိုက်ပြီးတင်ထားတာမှ အများကြီး
သူ့လက်ကလေးကို ကိုင်ထားပြီး " Mine " ဆိုတဲ့ caption လေးနဲ့
Cele တယောက်ဖြစ်လို့ ပေါ်ပေါ်ထင်ထင် မတွဲခဲ့ရတဲ့သူ့ဘဝကိုမုန်းတယ်
ချစ်တဲ့သူကိုယ်တောင် ပေါ်ပေါ်တင်တင် မတွဲနိုင်ခဲ့ရတဲ့ဘဝ
ချစ်ရတဲ့သူ မရှိဘဲ ပျော်ရွှင်ရတာမရှိဘဲ အောင်မြင်နေတဲ့ ဘဝကြီးလည်း သူမလိုမရှိချင်တော့
ဆုံးရှုံးသွားမှ နင့်နေအောင် ခံစားမိပြီး မရှိရင် မဖြစ်ဖူး ဆိုတဲ့ အသိနဲ့တင်သေလောက်တယ်
အရူးတယောက်လို အတွေးတွေ နဲ့ ချာချာလည်ပြီး ၃ ရက်လောက် ကြာတော့ ဟန်ဘင်း လောကကြီး နဲ့ ခဏ အဆက်အသွယ် ပျက်သွားတယ်
နိုးလာတော့ ဆေးရုံပေါ်ရောက်နေတယ်
ဟာအို သူ့ကိုထားခဲ့တာ အိမ်မက်ဖြစ်ပါစေလို့ ဆုတောင်းပြီး နိုးလာတာနဲ့ " ဟာအိုကော " လို့မေးမိတယ်အဖြေပြန်မပေးတဲ့ ဂျီအွန်းဟျောင်နဲ့ ဘေးက
" စိတိထိန်းပါဦး အစ်ကို ဟန်ဘင်းရယ် " ဆိုတဲ့ မက်သရူးရဲ့ အဖြေစကားက သူ့ကို ပြန်သတိပေးလိုက်သလိုပဲ
ပြန်ပြီး ဆို့တက်လာတဲ့ ရင်ထဲကအပူလှိုင်းနဲ့ အတူ မျက်လုံးထဲ ရေငွေ့တွေ ထပ်ရိုက်ခတ်လာတယ်"ဂျီအွန်းဟျောင် ဆေးရုံက ဆင်းဖို့ လုပ်ပေးပါ ကျွန်တော် ဟာအို့ဆီ လိုက်သွားချင်တယ် ကူညီပါ ဟျောင် ကျွန်တော့်မှာ သူမရှိလို့မရဖူးဟျောင် "
ပြောရင်း မျက်ရည် ကျနေတဲ့ ဟန်ဘင်းကို ကြည့်ပြီး ဂျီအွန်း သနားလည်း သနားသလို စိတ်မကောင်းလည်း ဖြစ်မိတယ်
အစထဲက ဟန်ဘင်း ပြောပြထားလို့ သူနဲ့ဟာအို့ ကြားထဲက ပြသနာကိုလည်းသိထားပြီးသားမို့ ဟာအို့ကိုလည်း အပြစ်မတင်ရက်ပါ
ဟန်ဘင်း ငိုတာကြည့်ပြီး မက်သရူးကပါ စိတ်မကောင်းလို့လိုက်ငိုနေသေး
YOU ARE READING
Be Mine 🎈🤍
FanficBinhao FanFic from Zero-cola Jie Jie 🌷Written in Burmese ❤️ 🎀အပြင် life ကအကြောင်းအရာလေးတွေ သူတို့ကြိုက်တတ်တာလေးတွေ moment လေးတွေကို အမှတ်တရအနေနဲ့ ထည့်သွင်းရေးသားထားတဲ့ fanfic လေးပါ🌸 💕Pure BinHao 💕