ကျွန်တော့်ပါးပြင်ထက်က သူခြယ်မှုန်းခဲ့သော ကြည်ပြာရောင်တိမ်တိုက်များ

1.6K 183 60
                                    

လက်ရှိအချိန်ကာလတစ်ခုဖြစ်သည်။

ဒီနေ့က ၁၉၉၅ ခုနှစ် ဩဂုတ်လရဲ့ သောကြာနေ့ညနေခင်းတစ်ခု ဖြစ်ပါသည်။

​" ကြည်ပြာရောင် " ဟူ၍ ရေးထိုးထားသည့် အခွေငှားဆိုင်လေး၏ မှန်ပြတင်းပေါက်မှတစ်ဆင့် လိမ္မော်နီရောင်သန်းနေသောကောင်းကင်မှ အရောင်များက ထိုးဖောက်
ဝင်ရောက်လို့နေပါသည်။

ဂျီမင်းသည် နေ့စဉ်လုပ်နေကျအကျင့်
တစ်ခုလို စီးကရက်တစ်လိပ်ကိုဖွာ
ကောင်တာမှာထိုင်ပြီး ထိုပြတင်းပေါက်မှတစ်ဆင့် ညနေခင်း၏ကောင်းကင်ကို
ငေးကြည့်နေမိသည်။

လွမ်းမောစရာကောင်းလှသည့်
ညနေခင်းရောင်ခြည်တွေကြား မှုတ်ထုတ်လိုက်သည့်စီးကရက်အငွေ့များက
ရောယှက်နေတော့သည်။လက်ချောင်းကြားက စီးကရက်ကို တစ်ချက်ကြည့်ရင်း
ဟက်ခနဲ ရယ်လိုက်မိသည်။

" ဟက်....
အခု ငါပုံစံက သနားစရာကောင်းနေရောပဲ "

နာကျင်စရာကောင်းနေလိုက်ပုံများ။
ဒီလို ညနေခင်းတွေ၊ ဒီလို အရောင်အဆင်းနဲ့
ဒီလို အချိန်ကာလမျိုးတွေ။

တစ်ချိန်တစ်ခါက လုံးဝမြည်းစမ်းကြည့်ဖို့တောင် မစဉ်းစားထားတဲ့ စီးကရက်တွေ။
ဘာကြောင့် စွဲစွဲမြဲမြဲသောက်မိနေပါလိမ့်။
လစ်ဟာနေတဲ့ စိတ်အစဉ်ကို စီးကရက်အငွေ့တွေနဲ့ ဖုံးလွှမ်းပစ်ချင်တာကိုတော့ မညာချင်ပါ။

မကြာမီ အခွေဆိုင်ထဲရှိ အပြာရောင်တိုင်ကပ်နာရီမှ ခြောက်နာရီ ထိုးပေမည်။
ခြောက်နာရီနဲ့ငါးမိနစ်တိတိတွင် လမ်းမီးတွေ
ထွန်းတော့မည်။ဂျီမင်းလည်းပဲ ဆိုင်၏
လျှပ်စစ်မီးအား ခြောက်နာရီတိတိမှာ စတင်ဖွင့်ရမည်။အစိုးရက လျှပ်စစ်မီးအား အချိန်အပိုင်းအခြားနှင့်ပေးသောကာလတွေဖြစ်သောကြောင့် နေ့တိုင်းလိုလို ညနေ
ခြောက်နာရီတွင် ဂျီမင်းတို့ရပ်ကွက်လေးက လျှပ်စစ်မီးရပါသည်။

စီးကရက်ကိုပြာခွက်ထဲ ထိုးချေပြီးနောက်တွင်ခြောက်နာရီထိုးပြီး
ဖြစ်သောကြောင့် မီးခလုတ်ကို
ဖွင့်လိုက်တော့ ဂျီမင်းရဲ့အခွေဆိုင်ငယ်လေးက လင်းကျင်းလို့နေသည်။အမျိုးအစားအလိုက် အစီအရီ စီတန်းထားသော ရုပ်ရှင်တိပ်ခွေများတင်ထားသည့် အကန့်များဖြင့် လူတစ်ရပ်ခန့်ရှိသည့်စင်လေးလုံးကို
ဆိုင်၏နံရံနှစ်ဖက်မှာ စင်နှစ်လုံးစီ ကပ်၍ထားသည်။

🎉 You've finished reading ကျွန်တော့်ပါးပြင်ထက်က သူခြယ်မှုန်းခဲ့သော ကြည်ပြာရောင်တိမ်တိုက်များ 🎉
ကျွန်တော့်ပါးပြင်ထက်က သူခြယ်မှုန်းခဲ့သော ကြည်ပြာရောင်တိမ်တိုက်များWhere stories live. Discover now