"ချောလိုက်တာ ချောလိုက်တာ ဘယ်ဘက်ကကြည့်ကြည့် ညာဘက်ကကြည့်ကြည့် ကိုကိုဝန်ဘင်းကအချောဆုံးပဲ"
ဆွန်းဟန်တစ်ယောက် အိပ်ရာမထဘဲ idolရဲ့ဓာတ်ပုံတွေကြည့်ရင်း အိပ်ရာပေါ်လူးလှိမ့်နေသည်
"ဟုန်ဆွန်းဟန် တစ်နေ့တစ်နေ့ အဲ့ပုံတွေပဲ
ကြည့်နေ စောစောစီးစီးအိပ်ရာထ အမေ့
ကိုကူမယ်မရှိဘူး""ထပြီ အမေရဲ့ ဘာလဲဗျာ ဒီမှာသူများကြည်နူးနေတဲ့ဟာကို ကိုကိုဝန်ဘင်းနဲ့တိုင်ပြောမယ်"
"ဖြစ်နိုင်တာကိုပြော ဟိုကဖြင့်နင့်ကိုအီးတောင်လှည့်မပေါက်ဘူး ငါလည်းသားမွေးထားလို့သာပဲ ချွေးမမရဘဲ သားမက်ရတော့မယ် အပျင်းတက်မနေဘဲမြန်မြန်ထစမ်း ပြီးရင်ဟိုဘက်အိမ်ကိုသွားကူ"
"ဟမ် ဘာရှိလို့လဲ"
"ဒီည new year party ရှိတယ်လေ အဲ့တာအန်တီhanတို့ကို သွားကူညီပေးဦး ဟိုကနင့်ဆိုချစ်လိုက်တာမှတုန်လို့"
"ဟုတ် ဒါနဲ့ဒီနှစ်အိမ်မှာဘာလို့မလုပ်တာလဲ"
"နင့်အဖေပြန်မလာလို့လေ နောက်နှစ်မှလုပ်မယ် မြန်မြန်ထစမ်း တနေကုန်အိပ်ရာထဲမှာပဲနေ အဲ့မှာချိသွားမှဒုက္ခ"
ဆွန်းဟန်က ကျန်တာမကြောက်ပေမဲ့ အမေ့ရဲ့ပါးစပ်ကိုတော့ကြောက်တာမို့ မြန်မြန်ထကာဟိုဘက်အိမ်ကိုကူးလာခဲ့သည်
"အန်တီhan သားဘာကူလုပ်ပေးရမလဲ"
"အမယ်လေး ငါ့သားလေးကိုဘာခိုင်းရက်မှာလဲ သွားသွား အေးဆေးသွားနေ"
အိမ်ရှိလူကုန်အလုပ်ရှုပ်နေမှတော့ ဆွန်းဟန်လည်းအလကားနေလို့ဘယ်ဖြစ်မလဲ
တော်ကြာအမေလာရိုက်နေဦးမယ်ဦးလေးချွဲနဲ့ စျေးထဲလိုက်သွားပြီး အသားတွေအသီးအရွက်တွေဝယ်တာဝိုင်းကူပေးပြီး လာပို့တဲ့ ဆိုဂျူဖာတွေကိုလည်းဝိုင်းသယ်ပေးတယ်.....ခြံထဲမှာpartyလုပ်ဖို့အတွက်လည်းဝိုင်းပြင်ပေးတယ်......
အားလုံးပြီးစီးသွားတော့ သူလည်းအတော်လေးမောနေပါပြီ~~~"ဆွန်းဟန်လေး ဒီညသားကိုကိုလာမှာတဲ့ သူအခုseoulကထွက်လာနေပြီ"
"ကိုကို........ကိုကိုမြောင်ဆိုးလ် လား"
"ဟုတ်တယ် သားကိုကိုကမြို့မှာအောင်မြင်နေတာလေ အဆိုတော်တောင်ဖြစ်နေပြီတဲ့ တို့လည်းမတွေ့ရတာ ၁၀နှစ်ကျော်တောင်မကတော့ဘူး အလည်လေးလာပါဦးဆိုလို့ ဒီညလာမယ်လို့ပြောတယ် သုံးလေးရက်တော့
နေမှာပေါ့"
YOU ARE READING
NEW YEAR ROMANCE
Fanfictionလောကကြီးမှာ ကိုယ့်idolက ကိုယ့်ကို proposeလုပ်တာကိုငြင်းချင်တဲ့သူရှိလား?? Seunghan💗Wonbin