ဝန်းဘင်း ဒီနေ့ ဆူယွန်းနဲ့ သူ့ရဲ့4years anniversaryမို့အိမ်မှာ ညစာစားဖို့စောင့်နေသည်။ ဆူယွန်းနဲ့သူက အထက်တန်းထဲက တွဲနေတာဖြစ်သည်။အခုတော့တက္ကသိုလ်တက်နေကြပြီးနှစ်ယောက်လုံးကအချိန်ပိုင်းguideလုပ်သည်။ သူတို့ ည8နာရီချိန်းထားပေမယ့် ဆူယွန်းက နောက်ကျနေတာမို့ သူညစာပြင်ဆင်ပြီးတော့ ဖုန်းဆက်လိုက်သည်။"ဆူယွန်း ဘယ်ရောက်နေပြီလဲ"
"အွန်း ကိုကို....အတန်းချိန်နောက်ကျနေလို့...အခုလာနေပြီနော်.....ခဏလေးစောင့်နော်"
"အွန်း....အရမ်းမလောနဲ့ ဖြေးဖြေးလာနော်...ဂရု..."
အား...... ဒုန်း
ဝန်းဘင်း ဆူယွန်းနဲ့ဖုန်းဆက်နေရင်း ဆူယွန်းရဲ့အော်သံကိုကြားလိုက်ပြီးနောက် တစ်ခုခုကို ဝင်တိုက်သံလည်းကြားလိုက်ရသည်။ ထိုညက မိုးတွေရွာနေတာမို့ ဆူယွန်း speakerဖွင့်ပြီး ဖုန်းပြောနေခဲ့ဟန်တူသည်။ ကျယ်လောင်သော အသံက ရှင်းရှင်းလင်းလင်း အတိုင်းသားကြားရသည်မို့ ဝန်းဘင်း သေချာနားထောင်နေတုန်း။
"ဟဲ့ လူက်ိုတိုက်မိသွားပြီ"
"အသက်ရှိသေးလား ကြည့်ကြပါဦးဟယ်"
"ကလေးမ"
ဝန်းဘင်း တုန်လှုပ်ပြီး ဆူယွန်းနာမည်ကိုဘဲ အကြိမ်ကြိမ်ခေါ်နေမိသည်။
"ဆူယွန်း ဆူယွန်း...ကိုယ်ပြောတာကြားလား....ပြန်ဖြေပါဦး....ဆူယွန်း"
"ဟယ်လို လူငယ်လေး...ဒီကလေးမလေး ကားတိုက်ခံရလို့********ကိုမြန်မြန်လာခဲ့"
ဝန်းဘင်း ဟိုဘက်က ဖုန်းပြောတာပြီးတဲ့အထိမစောင့်တော့ဘဲ အိမ်မှမြန်မြန်ပြေးထွက်သွားလိုက်သည်။ အရူးမီးဝိုင်း ဖြစ်နေတဲ့ ထိုကောင်လေး ခမျာ ဖိနပ်တောင်ပါမသွားခဲ့ချေ။
ဝန်းဘင်း ထိုနေရာကိုရောက်တော့ ဆူယွန်းကို ဆေးရုံကားကခေါ်သွားပြီဖြစ်ပြီး ထိုနေရာကိုလည်း ရဲတွေရောက်နေပြီဖြစ်သည်။ ဝန်းဘင်း အခင်းဖြစ်တဲ့နေရာကိုကြည့်လိုက်တော့ ဆူယွန်းရဲ့ ဖိနပ်လေး တစ်ဖက်ရယ် ဖုန်းအနီလေးရယ်က သွေးအိုင်ထဲတွေ ကျန်ခဲ့သည်။ထို့နောက် ဆူယွန်းကိုတိုက်ခဲ့မိတဲ့ကားကလည်း အရှိန်တော်တော်များပုံရသည် လမ်းဘေး ပလက်ဖောင်းကိုတောင်ကျော်နေပြီး ကားအရှေ့ပိုင်းကလည်းစုတ်ပြတ်နေသည်။
YOU ARE READING
Cosmos ( One shot )
Short StoryCosmos ပန်းလေးရဲ့ အဓိပ္ပာယ်က "အားလုံးထက် မင်းကိုပိုချစ်ပေးမယ်"တဲ့