အပိုင်း - ၁၇၅ (ရှီးနန်ဝမ်ရဲ့ အမည်နာမနဲ့ ကျိန်ဆိုပါတယ် )( ကျွန်ေတာ်တို့က စကားအမြဲတည်ပြီးသားပါ )
ဧကရာဇ်နှင့် ကိုယ်တိုင်တွေ့ဆုံပြီး ဆုေတာ်လာဘ်တော် တိုက်ရိုက်တောင်းယူလိုက်သည်ကမှ ပိုကောင်းပါမည်ဟူသော စကားအရောက်ဝယ် ယဲ့ကျင်မှာ ချက်ချငိးပင် စိတ်ဆိုးသွားသည်။ မုချင်းရှန်းကဲ့သို့ အကင်းမပါးသောသူသည်ပင် တစ်ခုခုမူမမှန်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ ထို့ကြောင့် မဆိုင်သူများ မထိခိုက်စေဖို့ ရှန့်ယွင်ကျယ်အနား ပို၍နီးကပ်စွာ တိုးလိုက်၏။
"ဒါနဲ့ ရှီးနန်ဝမ်၊ ပန်ကွမ်းတို့နဲ့အတူ ညနေစာစားသွားပါလား"
ဝမ်းလျိုနျဲန်ဘက်မှ နွေးထွေးစွာ ဖိတ်မန္တကပြုလာ၏။
ယဲ့ကျင်ကမူ သူ့အင်္ကျီလက်အိတ်ထဲ ထည့်သိမ်းထားသော အဖြူရောင်ကြွေပုလင်းသေးသေးလေးအား မြဲမြံစွာ ဆုပ်ကိုင်ထားလို့။
အရိပ်တပ်သားလေးများက သွမ့်ပိုင်ယွဲ့ထံ မျက်စပစ်ပြကာ သတိပေးလာကြ၏။
သတိထား!!!! လက်မခံလိုက်နဲ့!!!!
သွမ့်ပိုင်ယွဲ့က ပြံုးလိုက်ကာ တံခါးဝဘက် လှည့်ကြည့်လာ၏။
"မစားတော့ပါဘူးလေ၊ တခြားလုပ်စရာလေးတွေ ရှိနေသေးတာမို့။ တောင်သခင်ယဲ့ကိုကြည့်ရတာ ပန်ဝမ်နဲ့ ပြောချင်တဲ့စကား ရှိနေတာများလား"
ယဲ့ကျင် ထိတ်လန့်သွားသည်။ ထို့နောက် သံသယရှိစွာ ကြည့်လာ၏။
ရုတ်တရက်ကြီး ဘာလို့ အဲ့လိုပြောလိုက်တာလဲ။ ခင်ဗျားနဲ့ကျွန်တော်က ရင်းနှီးကြတာလည်း မဟုတ်ဘူး။
သွမ့်ပိုင်ယွဲ့ကမူ တည်ကြည်ငြိမ်သက်နေမြဲပင်။
"ဘာမှ ဆက်ဆွေးနွေးဖို့ မရှိဘူးဆိုရင်လည်း ပြန်ခွင့်ပြုပါဦး"
"ဟုတ်ကဲ့၊ ရှီးနန်ဝမ်။ ဖြည်းဖြည်းပြန်ပါ"
ဝမ်းလျိုနျဲန်က သိုင်းလောကသားများအား အတုခိုးကာ သိုင်းလောကသားဆန်ဆန် ဂါရဝပြုလာသည်။ သူ့ကိုယ်သူလည်း သူရဲကောင်းအသွင် ခံစားရစေကာ နောင်တစ်ခါ မွေးရပ်မြေသို့ ပြန်ရောက်သွားသည်နှင့် ပန်းပဲဆရာကျန်းအား ဓားတစ်လက်သွန်းပေးစေကာ ခါးထက်တွင် ချိတ်ထားဖို့ ကြံရွယ်လိုက်ပေ၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...