"ကင်မ်ဆော့ဂျင် ဘယ်သွားလဲ""ဂျီမင်နဲ့ဟိုဆော့တို့နဲ့အတူတူ ကော်ဖီသွားသောက်ကြပါတယ် MD"
"ဘာပြောတယ်...အခုချက်ချင်းပြန်လာခဲ့ဖို့ဖုန်းဆက်ခေါ်စမ်း . ငါကပြန်လာခိုင်းတာလို့ပြောလိုက်"
'ငါနော် ဟင်း.ဟင်း...သူ့ဖာသာခေါ်လဲရရဲ့သားနဲ့ အလုပ်ရှုပ်နေတဲ့လူကိုလာခိုင်းနေတယ်'
MD ပြန်ထွက်သွားတာနဲ့ Design Head မင်ယွန်းဂီတစ်ယောက်တည်းရေရွတ်ရင်း ဖုန်းဆက်လှမ်းခေါ်လိုက်ရသည်။ ခဏကြာတော့ MD ဂျွန်ဂျောင်ကုရဲ့ crush လေးကင်မ်ဆော့ဂျင် ပြန်ရောက်လာပြီး MDရဲ့ရုံးခန်းထဲသို့ဆောင့်အောင့်ကာဝင်သွားသည်။
JK Group of Companies ၏ တစ်ဦးတည်းသောသားဖြစ်သူ ဂျောင်ကုဟာ Archi နဲ့ကျောင်းပြီး.ပြီးတဲ့နောက်... သူတို့လုပ်ငန်းစုအောက်က JK Architect Design လုပ်ငန်းခွဲရဲ့ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဝင်ရောက်ဦးစီးလုပ်ကိုင်ခဲ့သည်။
MD ဂျွန်ဂျောင်ကုသည် သူ့ကုမ္ပဏီကို အသစ်ဝင်လာတဲ့ သူနဲ့ရွယ်တူဆော့ဂျင်ဆိုတဲ့ကောင်လေးကို အင်တာဗျူးတွေ့ပြီးနောက် မြင်မြင်ချင်းချစ်မိခဲ့ကာ ချက်ချင်းအလုပ်ခန့်ဖြစ်ခဲ့သည်။
သူတို့တွေ့ဆုံပြီး တစ်လအကြာမှာ ဂျောင်ကုကသူ့မိဘတွေကိုဖွင့်ပြောခဲ့ပြီး တောင်းရမ်းပေးဖို့နားပူနားဆာလုပ်ခဲ့ခြင်းဖြစ်သည်။ သာမန်လူလတ်တန်းစားဖြစ်တဲ့ ဆော့ဂျင်မိဘတွေမှာ သူတို့သားလေးရွှေဘုံပေါ်မှာစံရမယ့်အခွင့်အရေးမို့ နှစ်ခါပြောစရာမလိုပဲ သဘောတူကာစေ့စပ်ပေးခဲ့ကြ၏။
အားလုံးအဆင်ပြေနေတဲ့ကြားထဲမှာ အဆင်မပြေတာက ကင်မ်ဆော့ဂျင် တစ်ယောက်သာဖြစ်သည်။ သူလုံးဝမချစ်မနှစ်သက်တဲ့သူနဲ့လက်ထပ်ဖို့ငြင်းဆန်ခဲ့ပေမယ့် သူ့မိဘတွေက ဂျွန်ဂျောင်ကုနဲ့မှလက်မထပ်ရင် သားအဖြစ်ကစွန့်လွှတ်မယ်ဆိုလို့သာ စေ့စပ်တာကိုလက်ခံလိုက်ရတာဖြစ်၏။
ဒါတောင် အဲ့ဒီတစ်ယောက်က စေ့စပ်ပြီးနောက်တစ်လမှာလက်ထပ်ချင်သည်ဟုပြောလာ၍ သူ့အသက် ၂၆နှစ်ပြည့်တဲ့အထိမှမစောင့်နိုင်ရင် အိမ်ပေါ်ကဆင်းမည်ဟုခြိမ်းခြောက်လိုက်လို့သာ သူ့မှာနောက်ထပ် ၂နှစ်အချိန်ဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။