💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}
{အခန်း၉}
ခါးလေးကိုခပ်ကြမ်းကြမ်းဆွဲဖက်ထားသည်က ဖွဲ့ခန္ဓာကိုယ်လေးလှုပ်မရအောင်ပင်။မျက်နှာပျက်သွားသည့်ဖွဲ့ကိုကြည့်ရင်း သူ့ဘက်သို့အတင်းဆွဲလှည့်လိုက်သည်။
"ဘာလဲအဲ့ဒီမျက်နှာက..ငါပြန်လာလို့စိတ်ပျက်သွားတာလား"
လေသံမာမာနှင့်မေးလာတော့ ဖွဲ့သူ့မျက်ဝန်းတို့ကိုစူးစိုက်ကြည့်ရင်း...
"ဟုတ်တယ် ငါစိတ်ပျက်တယ် ဖြစ်နိုင်ရင်နင်ပြန်မလာတာအကောင်းဆုံးပဲ!!..."
ဖွဲ့ကနှုတ်ခမ်းကိုကိုက်ရင်းခပ်မာမာပြန်ပြောလိုက်တော့ သူ့မျက်နှာဟာပို၍တင်းမာခက်ထန်သွားလေသည်။
"ငါ့ကိုအဲ့လောက်တောင်မုန်းလားဖွဲ့နွှဲ့မမှီ..ငါပြန်လာတာနဲ့ မင်းအတော်လေးကိုအနှောက်ယှက်ဖြစ်တဲ့အထိမုန်းတာလား"
"အမှန်ပဲမိုးထိကမ်းနား နင့်ကိုမြင်နေရရင် ငါစိတ်တိုလာတယ် နင့်ကိုသတ်ချင်လာတယ် ဒါမှမဟုတ်ငါသေချင်လာတယ် နင်သိလား"
တစ်ခွန်းမကျန်ပြန်ပြောနေသည့်သူမရဲ့စကားများကြောင့် သူ့ရင်တွေနာကျင်ရပါသည်။
"ဟွန့်..ပျော်စရာကောင်းလိုက်တဲ့ငါ့ဘဝကြီး..ငါအချစ်ရဆုံးသူတွေကပဲငါ့ကိုသေစေချင်နေကျတယ် တရားလိုက်တဲ့လောကကြီး..."
နာကျည်းကျည်းရီသံနဲ့အတူဖွဲ့ခန္ဓာကိုယ်လေးကိုသူလွှတ်ပေးလိုက်ရင်း အခန်းထဲမှထွက်သွားလေသည်။သူဘာကိုဆိုလိုသည်ကိုတော့ဖွဲ့နားမလည်ပေ။
သူထွက်သွားမှဖွဲ့ကုတင်ဘက်လျှောက်လာရင်း လှဲအိပ်လိုက်သည်။
မိုးထိကမ်းနားပုံစံကစိတ်တိုနေတာထက်ဝမ်းနည်းနေသည့်ပုံစံ။ဖွဲ့ပြောလိုက်တာလွန်များသွားပြီလား ပြောလိုက်သည့်စကားများဟာသူ့ကိုအနိုင်ယူချင်၍ပြောလိုက်မိသည်လား တစ်ကယ်ပင်ဖွဲ့ခံစားချက်တွေကိုထုတ်ပြလိုက်မိသည်လားဆိုတာ ဖွဲ့ကိုယ်တိုင်မသိတော့ပေ။ပြန်ရောက်ရောက်ချင်းရန်စကားပြောလိုက်သည်ဆိုတော့ ဖွဲ့နည်းနည်းတော့လွန်သွားသည်ထင်သည်။
أنت تقرأ
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}
عاطفية"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"