အခန်း (၂)

1.6K 157 0
                                    

Unicode
.
.
အခမ်းအနား ပြီးမြောက်ပြီးနောက်တွင် ကြင်စဦးမောင်နှံအား သူတို့၏မင်္ဂလာအခန်းဆီသို့ လိုက်ပါ ပို့ဆောင်ပေးကြလေသည်။ ဝမ်အိမ်တော်၏ပင်မခြံဝန်းရှိ အခန်းသည် ကျတ်တီးမြေကဲ့သို့ အမြဲပင် အသက်မဲ့နေခဲ့သည်။ အနည်းငယ်သော အနီရောင်အပြင်ဆင်က ပျောက်ဆုံးနေသော ပျော်ရွှင်မှုကို မြှင့်တင်ဖို့ရာ မလုပ်ဆောင်နိုင်ပါပေ။

နှစ်ယောက်သားသည် မင်္ဂလာကုတင်ဘေးတွင် မျက်နှာချင်းဆိုင် ထိုင်နေကြစဉ် ရှီဖိုက ရှောင်ကျစ်ကောအား ရွှေရောင်တံဖျာတစ်ချောင်း ကမ်းပေးလိုက်လေသည်။

"ဝမ်ရယ်... ခြုံလွှာကို လှစ်ဟလိုက်ပါ"

ရှောင်ကျစ်ကောက တုံ့ပြန်ခြင်း မရှိပေ။ သူသည် အတွေးထဲ နက်နက်နဲနဲ နစ်မြုပ်နေကာ သူ၏ ရှေ့မှသူကိုသာ လေးလေးနက်နက် စိုက်ကြည့်နေ၏။

သူ၏ လှုပ်ရှားခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ ရှီဖိုမှာ ကိုးရိုးကိုးရားဖြစ်သွားပြီး သူ့ကို ခေါ်လိုက်တော့၏။

"ဝမ်ရယ်"

ရှောင်ကျစ်ကောသည် မိန်းမောတွေဝေနေရာမှ အသိပြန်ဝင်လာခဲ့ကာ သူမကို တစ်ချက်ကြည့်လိုက်လေသည်။

"မင်းတို့အားလုံး အခု ထွက်သွားလို့ရပြီ"

ရှီဖိုသည် ထိုသူ၏ဆိုးရွားလွန်းသော ဒေါသကို ကြားဖူးခဲ့သည်မှာ အချိန်အတော်အကြာကပင် ဖြစ်သည်။ ထိမ်းမြားလက်ထပ်သောနေ့တွင် ရွှင်လန်းမှုမရှိသော မျက်နှာသည် အနာဂတ်ဝမ်ဖေးကို သဘောမကျ ဟူသော အဓိပ္ပာယ်ရပေသည်။ သူမက အန်းချန်ချင်းကို စာနာစိတ်ဖြင့် တစ်ချက်ကြည့်ကာ ရွှေရောင်တံဖျာချောင်းကို ချထားလိုက်ပြီးနောက် အလျင်အမြန်ထွက်ခွာကာ တံခါးပိတ်ပေးခဲ့လိုက်၏။

အခန်းထဲတွင် ရှောင်ကျစ်ကောသည် ရွှေရောင်တံဖျာကို မသုံးဘဲ ခြုံလွှာကို ပင့်မလိုက်သည်။ သူသည် အန်းချန်ချင်းက အမျိုးသမီးဆန်ဆန် မျက်နှာခြယ်မှုန့်များ မလိမ်းခြယ်ထားသည်ကို မြင်သောအခါမှ စိတ်သက်သာရာရသွားခဲ့လေသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ကာ ပြောရမည့်အကြောင်းအရာကို အချိန်ယူ စဉ်းစားလိုက်၏။ ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို တွေးတောနိုင်လိုက်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now