အပိုင်း - ၁၇၆ ( နောက်ဆုံးစစ်ပွဲမတိုင်မီ တည်ငြိမ်အေးချမ်းနေမှုများ )
( နှစ်သစ်ကူးချိန်ခါဆိုတာ မိသားစုဝင်ေတွ ပြန်လည်ဆုံစည်းကြတဲ့ ကာလပဲ)
ထူးခြားသောနောက်ခံနှင့်အတူ လူလုံးထွက်ပြရန် အဆင်သိပ်မပြေသောရုပ်သွင်ကြောင့် အားခန်းမှာ အပြင်ထွက်ပြီး သူ့မျက်နှာအား လူတကာကို လျှောက်မပြဖြစ်ခဲ့ဘဲ ဝမ်းစံအိမ်တွင်သာ နေ့တိုင်း အောင်းနေခဲ့သည်။ သို့သော် နှစ်ရက်သာရှိသေး၊ အားခန်းမှာ စိတ်ရှုပ်လာကာ မြင်မြင်သမျှလူအား ထိုင်ဆဲချင်စိတ် ပေါက်နေ၏။
"မင်း ဘယ်လိုသဘောရလဲ"
ရှန်ချန်းဖုန်းက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ကာ မေးလာ၏။ ထိုခါမှ ယဲ့ကျင်လည်း အတွေးလွင့်မျောနေရာမှ သတိပြန်ဝင်လာသည်။
"ဟင်? ....ဘာကိစ္စကိုလဲ "
"ဖော့မုန်မျိုးနွယ်ေခါင်းဆောင်"
"သူလား?"
ယဲ့ကျင်က ခေတ္တမျှ တွေးတောကြည့်လိုက်၏။
"တစ်ကိုယ်လုံး အမွေးတွေဖုံးနေတာလေ"
"..."
ထို့နောက် ယဲ့ကျင်က တဝါးဝါးသမ်းကာ ကြောင်ကိုပိုက်လျက် အိပ်ခန်းသို့ ပြန်သွား၏။ ထို့ကြောင့် ဂိုဏ်းချုပ်ရှန်မှာ ခြံဝန်းထဲတွင်သာ ကျန်ရစ်ခဲ့ကာ စိတ်ပျက်အားငယ်သွားလို့။
အမွေးထူတာ ဘာများကောင်းနေလို့ အဲ့အချက်ကိုပဲတကူးတက မှတ်မိနေတာလဲဟမ်။
.
.
.တစ်ချိန်တည်းတွင်ပင် အမတ်မင်းဝမ်းလည်း စိတ်ပျက်အားငယ်နေသည်။ ထိုသူမှာ ခြံဝရှေ့ထိုင်ကာ မေးကို လက်ဖြင့်ထောက်လျက် အဝေးသို့ ငေးကြည့်နေ၏။
မုချင်းရှန်းက စိတ်အားထက်သန်စွာ အကြံပေးလာသည်။
"အမတ်မင်း ၊ ဒီမှာ မလှုပ်မယှက်ထိုင်ပြလည်း ကုန်သည်ေလှတွေ မြန်မြန်ရောက်လာမှာ မဟုတ်ပါဘူး"
"ဘာလို့ စာတစ်စောင်မှ ရောက်မလာေသးတာလဲနော်"
ဝမ်းလျိုနျဲန်က လက်ချိုးကာ ရေတွက်လာ၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...