Quite The Man

12 3 0
                                    

ခါတိုင်းဆိုရင် Dream ရဲ့ဖုန်းအလာကိုစောင့်နေတဲ့အချိန်တွေမှာ George ရုံးအလုပ်လုပ်တွေလုပ်နေလေ့ရှိတယ်။

အလုပ်တွေအကုန်အစောကြီးပြီးသွားတော့အခုဘာမှလုပ်စရာတောင်မရှိတော့ဘူး။Dream ကလည်း သူ့အစ်မဆီခဏသွားနေအုံးမှာဆိုတော့ ဖုန်းကသူ့အိမ်မှကျန်ခဲ့တဲ့အတွက် ဘာဖုန်းမှ George ဆီမလာဘူး။

အခန်းထဲမှာ တိတ်တိတ်ကလေး အတော်ကြာထိုင်နေခဲ့ပေမယ့် နောက်တော့ အပြင်ထွက်ပြီးအချိန်ဖြုန်းမယ်လို့ဆုံးဖြတ်လိုက်တယ်။လမ်းလျှောက်မထွက်ရတာလဲကြာပြီဆိုတော့ အခုနေအပြင်ထွက်တာအကောင်းဆုံးပဲ။

ပြီးတော့ အားနေတဲ့ရက်တစ်ရက်လုံးကို အလကားထိုင်နေပြီးကောင်းကောင်းအသုံးမချရင်လည်း Dream က ကြိုက်မှာမဟုတ်ဘူး။

သူ Hoodie တစ်ထည်ကောက်ဝတ်,ဖုန်းကိုအိတ်ကပ်ထဲထည့်ကာ အောက်ထပ်ကိုဆင်းပြီး အိမ်တံခါးမဆီကိုဦးတည်လိုက်တယ်။သူစိုက်ထားတဲ့ပန်းပင်တွေကိုတစ်ချက်စစ်ကြည့်လိုက်သေးတယ်။ထင်ထားတဲ့အတိုင်းပဲ ဘာပင်မှထွက်မလာသေးဘူး။ပန်းစိုက်တဲ့အချိန်မှာစိတ်အညစ်ရဆုံးကအဲ့တာပဲ... စစချင်းစိုက်ကာစဆို ဘာဖြစ်နေမှန်းလုံးလုံးမသိရဘူး။

ပန်းခြံဘက်ကိုသွားမယ်လို့ဆုံးဖြတ်ထားတယ်။ငယ်ငယ်ကသူ့အမေနဲ့အတူတူလုပ်နေကြလိုမျိုး ရှုခင်းပုံတွေဆွဲဖို့အတွက်လဲ မှတ်စုစာအုပ်သေးသေးလေးနဲ့ ခဲတံတစ်ချောင်းယူလာခဲ့တယ်။

သူ ကလေးကစားကွင်းလေးဘေးက ခုံတန်းလေးတစ်ခုကိုရှာတွေ့သွားတယ်။အဲ့မှာပဲထိုင်ချလိုက်ပြီး မှတ်စုစာအုပ်ထဲမှာ ခဲတံနဲ့ပုံစဆွဲတော့တယ်။

" မဟုတ်ဘူး..Tommy,မေမေ သားကို အဲ့လိုရန်မလိုဖို့ပြောထားတယ်လေ..သားက နားမှမထောင်ဘဲ"

George အမျိုးသမီးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်။သူလှည့်ကြည့်လိုက်တော့ သုန်မှုန်နေတဲ့မျက်နှာထားနဲ့ Tommy ကို Niki ကဆူနေတာကိုတွေ့လိုက်တယ်။

" ဒါပေမယ့်..သားလဲ Tubbo လို ရေခဲမုန့်လိုချင်တယ်လေ...မတရားဘူး",ကောင်လေးကငိုယိုပြောနေပေမယ့် သူ့အမေကတော့အလိုမလိုက်ပါဘူး။Niki က လက်ညှိုးနဲ့သူ့ကိုထိုးလိုက်ရင်း..

Flowers From 1970-DreamNotFound (mmtran)Donde viven las historias. Descúbrelo ahora