လိုက်ကာကနေ ဖောက်ဝင်လာတဲ့ နေရောင်ခြည်လေးအောက်မှာ George နိုးထလာခဲ့တယ်။
သြဂုတ်လကုန်လောက်ပဲရှိသေးပေမယ့် ရာသီဥတုက အရင် နေသာတဲ့နေ့တွေနဲ့ယှဥ်လိုက်ရင် ပိုအေးလာပြီ။Dream များဖုန်းခေါ်အုံးမလားလို့ အခန်းထဲမှာခဏထိုင်နေလိုက်ပေမယ့် ခဏကြာတော့ဗိုက်ဆာလာတာကြောင့် အပြင်ထွက်ပြီး စားဖို့ ပေါင်မုန့်ထောပတ်မီးကင်နဲ့လက်ဖက်ရည်နဲ့ထဖျော်တယ်။
အခန်းထဲမှာပဲစားဖို့ဝင်သွားတဲ့အချိန်မှာပဲ ဖုန်းသံလေးမြည်လာတယ်။သူအပြေးအလွှားပဲကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်ခွက်နဲ့ပေါင်မုန့်ကို စားပွဲပေါ်တင်ထားလိုက်တယ်။" George!",Dream နှုတ်ဆက်လိုက်တယ်။
" ငါခုနလေးမှ အိမ်ပြန်ရောက်တာ..မင်းကော အခြေအနေဘယ်လိုလဲ"
George ပေါင်မုန့်ကိုတစ်ကိုက်ကိုက်လိုက်ရင်း
" ကောင်းပါတယ်..မနေ့တုန်းကတောင် ပန်းခြံကိုသွားခဲ့သေးတယ်။ပျော်ဖို့တော့ကောင်းခဲ့ပါတယ်။ဟိုတစ်ခါက Wilbur နဲ့သူ့မိသားစုနဲ့လဲ ပြန်တွေ့ခဲ့သေးတယ်။ပြီးတော့..သူ့ညီ Techno ကိုကောပဲ..အကုန်လုံးကတော့ Techno လို့ပဲခေါ်ကြတာပဲ"" Techno?",Dream ကပြန်မေးလိုက်တယ်။
" ငါ့မှာလဲ Techno ဆိုတဲ့နာမည်ပြောင်နဲ့သူငယ်ချင်းရှိတယ်"
George လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း
" တိုက်တိုက်ဆိုင်ဆိုင်ပဲနော်..ဒါပေမယ့်.. မင်းသူငယ်ချင်း Techno ကတော့ ဒီဖက်က Techno လိုမျိုး ထူးဆန်းတဲ့လူမဟုတ်လောက်ပါဘူး"
Dream ကရယ်လိုက်ရင်း..
" Oh..ဒီဖက်က Techno ကလဲ ထူးဆန်းတာပဲ" လို့ပြန်ပြောလိုက်တယ်။
" ကြာတော့မကြာသေးဘူး..သူ့မှာ ကင်ဆာဖြစ်လို့လေ..အကောင်းဆုံးတော့ရောဂါကိုပြန်တိုက်ထုတ်နေရတာပဲ"
George မျက်ခုံးကြုံ့လိုက်မိရင်း..
" စိတ်မကောင်းစရာပဲကွာ..သူအဆင်ပြေသွားမယ်ပဲမျှော်လင့်ရတာပဲ"
" ငါကောပါပဲ",Dream ပြုံးလိုက်ရင်း..
" ကဲပါ..ငါစကားဖြတ်ပြောမိသွားတယ်..ပန်းခြံသွားတဲ့အကြောင်းလေးဆက်ပါအုံး"
George ခဏတွေးလိုက်ရင်း..
YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)