အပိုင်း ၂

532 22 0
                                    

ကျွန်မရဲ့ ပထမဆုံး အလုပ်ဆင်းမည့်ရက်ဆိုတော့ သပ်သပ်ရပ်ရပ်ဖစ်အောင် Style pantsအမည်း နှင့် အောက်ခံShirtအဖြူ ‌အပေါ်ထပ် အမည်းတို့အား သေသေချာချာ ဝတ်ကာ ကျောလောက်ထိ ရှည်သော ဆံနွယ်တို့အား စုစည်းလိုက်တယ်။

အချိန်ကား 9မက်တင်း

ဒေါက်ဒေါက်ဒေါက် ( တံခါးခေါက်သံ)
'ဝင်လာလို့ရမလား အန်တီနွေ

'အင်းဝင်ခဲ့အမောင်
'ဟုတ်ကဲ့အန်တီအမောင်ရောက်ပါပီ

'ဟုတ်ပါပြီ အခုအချိန်ကနည်းနည်းစောသေးတော့ ခဏထိုင်အုန်းမလား

'အမောင်ကဘယ်လိုဖစ်ဖစ် အဆင်ပြေပါတယ် အန်တီသဘောပါ

'ကဲပါ သက်ထားရေ

'ရှင် မမကြီး

'အမောင့်အတွက် ကော်ဖီတစ်ခွက် ဖျော်ခဲ့ပေးပါအုန်း
'ဟုတ်ကဲ့မမကြီး

'ရပါပီ မမကြီး
'အင်းဟုတ်ပီ သွားတော့

'ရော့အမောင် သောက်လေ ခဏနေမှ တို့ နေရာလိုက်ပြပေးမယ်
'ဟုတ်ကဲ့ အန်တီနွေ

အချိန်တစ်ခဏအတွင်း စကားဝိုင်းအား တိတ်ဆိတ်နေလျှက် ထိုတိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်သူမှာအမောင်

'ဟိုလေ အန်တီ
'အင်း ပြောလေ

'ဟို အမောင် အန်တီကို တစ်ခုလောက်မေးလို့ရမလား

'မေးပါ အမောင်
'အန်တီနွေ့မှာ ချစ်သူသို့်မဟုတ် ရည်ရွယ်ထားတဲ့သူရှိလားဟင်

'ဒီမေးခွန်းကိုဘာကြောင့်မေးသလဲ ‌အမောင်

'မ မဟုတ်ပါဘူး အမောင်က ဒီတိုင်းသိချင်လို့ပါ
' ဟားဟား ဟုတ်ပါပြီ တို့ဖြေပေးမယ် တို့မှာ ချစ်သူလဲမရှိသလို ရည်ရွယ်ထားတဲ့သူလဲမရှိပါဘူး

'ဟုတ် အမောင်မေးတာတစ်မျိုးဖစ်သွားရင် တောင်းပန်ပါတယ်နော်

'အို.. မလိုတာ အခုသွားရအောင်လေ အချိန်လဲမစောတော့ဘူးပဲ
'ဟုတ်ကဲ့ အန်တီနွေ

'အို့
   
အန်တီနွေထိုင်ရာကထချိန် ခုံစောင်းနဲ့ ခလုတ်တိုက်မိသွားကာ အန်တီနွေ ခန္နာကိုယ်သေးသေးလေးကို အမောင်အမိရ ဖမ်းလိုက်မိသဖြင့် အမောင့်ရင်ခွင်ထဲ အန်တီနွေ့ကိုယ်လေး ရောက်သွားသည်။

' အ အမောင် လွှတ်တော့လေ
' အာဟုတ် အန်တီနွေ အမောင်က ကျမှာဆိုးလို့ထိန်းပေးတာပါ ဒါနဲ့ အန်တီပါးတွေရဲနေပါလားဟင်

' အို ဖယ်မှာဖြင့်ဖယ်ပါ နောက်ကျနေပီ တို့နောက်ပဲလိုက်ခဲ့
'ဟော ဟုတ်ကဲ့ပါအန်တီရဲ့

အန်တီနွေနောက်လိုက်၍ စက်ရုံသို့ရောက်သော် အန်တီ ရှင်းပြသမျှအား မှတ်စုစာအုပ်လေးကိုင်၍ဘေးမှအသာ လိုက်မှတ်သည် ထို့နောက် ကျွန်မလုပ်ရမဲ့နေရာအား သေချာပြပီး‌

'ကဲ အမောင် ဒါဖြင့် အကုန်နားလည်ပီမို့လား
'ဟုတ်နားလည်ပါပီအန်တီ

' ဟုတ်ပီ ဒါဆို တို့ပြန်တော့မယ်

'ဟုတ်ကဲ့အန်တီ ဂရုစိုက်ပြန်ပါ

အန်တီနွေအား နှုတ်ဆက်စကားဆိုပီးသည် နောက် အမောင် လုပ်စရာရှိတဲ့ စာရင်းတွေကိုပင် လုပ်ကိုင်လေတော့ပြီ

~~

အချိန်ကား ည8နာရီခွဲ အလုပ်သမားများ အားလုံးပြန်ကုန်ပီဖစ်သော်လည်း စာရင်းထိုင်လုပ်နေသေးသည့် အမောင်

'ကဲ အကုန်လုံးပီးပီ ပြန်တော့မယ် အန်တီနွေ့ကိုလွမ်းလှပီ

ပစ္စည်းများသိမ်းကာ အခန်းသို့ပြန်လာခဲ့သည်။

'အခန်းနားမရောက်မီ ခြံဝန်းထဲ၌ အပင်များအားရေ လောင်းနေသည့် အန်တီကိုပင် လှမ်းတွေ့ရသည် အန်တီနွေအခုထိမအိပ်သေးပါလေ့

'အခုမှပြန်ရောက်တာလားအမောင်
'ဟုတ်ကဲ့အန်တီ

'ညစာဘာစားပီးပီလဲ
'မစားရသေးပါဘူးအန်တီ

'ဟောဒီအချိန်ကြီးတောင်ရောက်နေပီ ခြေလက်သန့်စင်ပီးစားတော့လေ
'ဟုတ်ကဲ့အန်တီ အမောင့်ကိုခွင့်ပြုပါအုန်း

'ဟုတ်ပါပြီ

တစ်နေကုန် အလုပ်ကပင်ပန်းလာသမျှ အန်တီနွေ မျက်နှာလေးတွေ့လိုက်ရတိုင်း အားအင်တွေပြည့်လာသလိုခံစားရတယ်အန်တီဟု အမောင့်စိတ်ထဲရေရွတ်မိသည်။

အမောင်အခန်းထဲရောက်သည်နှင့် ရေမိုးချိုး သန့်ရှင်းကာ ခေါက်ဆွဲတစ်ထုတ်တွေ့သည်နှင့် ဒီနေ့တော့ ဖစ်သလိုလေးပဲစားလိုက်ပီး အန်တီနွေအား ညနှုတ်ဆက်စကားပြော၍ အိပ်ယာဝင်ချေလေတော့ပြီ...။

တိုသွားရင်Sorryပါဗျာ

2.1.2024
Kieran_chan


" ချစ်ရပါသော နွေ "Where stories live. Discover now