[For Unicode]
ဝန်ထမ်းတိုင်း သူဌေးကို နှုတ်ဆက်ဖို့ အဆင်သင့်အနေအထားနဲ့ ယောက်ယက်ခက်နေချိန် စားပွဲခုံပေါ် တစ်ရေးတစ်မော အိပ်နေတဲ့လူတစ်ယောက် ရှိသည်။
"အောင်နိုင်သူတစ်ယောက်လို အလုပ်မှာ အိပ်နေတဲ့ ဟျွန်းဂျင်ရေ မင်းလုပ်တာနဲ့ ငါတို့ပါ အဆူခံရတော့မယ်"
ဟျွန်းဂျင် လက်တန်းဆန့်ပြီး အပျင်းကြောဆွဲလိုက်သည်။
"ဘာဖြစ်လို့လဲ?"
"မင်း ငါ့ကို နောက်နေတာလား!!! သူဌေးက လာတော့မယ် မင်းက အိပ်နေတယ်" ဂျီဆောင်း မကျေနပ်တဲ့လေသံဖြင့် ပြောလိုက်သည်။
"ဘယ်သူ?!!!
"သူ...သူဌေး..... ???"
"ဟိုမှာ သူဌေးလာပြီ ဘုရားရေ!!"
ကြောက်လန့်တကြား တုန်လှုပ်နေတဲ့ ဝန်ထမ်း တစ်ဦးက သူဌေးကို ညွှန်ပြပြီး အော်ချိန် လူတိုင်းက မတ်တပ်ရပ်ပြီး ကြောက်စရာကောင်းတဲ့ သူဌေးကို ခေါင်းငုံ့နှုတ်ဆက်ရင်း သူတို့နှစ်ယောက်ရှေ့မှ ဖြတ်ပြီး ဝန်ထမ်းတစ်ဦးကို ခေါ်လိုက်သည်။
"ငါ့ရုံးခန်းကိုလိုက်ခဲ့"
"ဟုတ်ကဲ့ ဆရာ ချက်ချင်း လိုက်ခဲ့ပါ့မယ်"
သူ့အပေါ်ကုတ်အင်္ကျီကိုချွတ်ပြီး ထိုဝန်ထမ်းကို လှမ်းပေးရင်း သူ့ရုံးခန်းထဲ ဝင်သွားတော့သည်။
"ရုံးမှာရော ဘယ်လိုလဲ?"
"ဟုတ်...ဟုတ်အဆင်ပြေပါတယ်..."
"အဆင်ပြေတယ် ဒီအတိုင်း အဆင်ပြေရုံပဲလား?"
စားပွဲခုံကို လက်သီးနဲ့ထုတဲ့အသံ ထွက်လို့လာသည်။
"ဟုတ်... ဟုတ်ကဲ့ အဆင်ပြေပါတယ် ဆရာ"
"အရောင်းနဲ့ ပတ်သတ်ပြီး ဘယ်သူက တာဝန်ယူတာလဲ?"
"ကင်မ်ဆွန်းမင်းပါ ဆရာ"
"အဲ့ဒါဆို ပုံဆွဲဖို့ရော?"
"ဟွမ်ဟျွန်းဂျင်ပါ ဆရာ"
"ဟွမ်...ဘယ်သူ?"
"လွန်ခဲ့တဲ့တစ်လက ဆရာခန့်ခဲ့တဲ့ ဝန်ထမ်းသစ်ပါ ဆရာ"
"အိုး... သူလား? အခုပဲ သူ့ကို ငါ့ရုံးခန်းထဲ ခေါ်လာခဲ့"
"ဘာဖြစ်လို့လဲ ဆရာ?"
YOU ARE READING
𝙏𝙝𝙚 𝘼𝙧𝙩 𝙤𝙛 𝙁𝙞𝙣𝙙𝙞𝙣𝙜 𝙔𝙤𝙪
Teen Fiction"ဟျွန်းနီဘေဘီ" "ဘယ်သူ့ကို ဘေဘီလို့ ခေါ်နေတာလဲ?" "မင်းလေ" "ကျွန်တော်က ခင်ဗျားရဲ့ ဘေဘီမဟုတ်ဘူး"