အဲ့အဖြူကောင်လေးကိုဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။ငါသူ့ကိုအရေခွံပဲဆုတ်ရမလား။ငါဘာလုပ်ရမှာလဲ။
"တနေ့ကကိစ္စ တောင်းပန်ပါတယ်နော်"
ထိုအဖြူကောင်လေးမှထွက်လာသည့်စကား...
"ဟမ်...မင်းဘာကိုပြောတာလဲ။"
"ကားကိစ္စပါ ငါအဲ့နေ့ကနေသိပ်မကောင်းတာကြောင့်ပါ။"
"မင်းဘက်ကစတောင်းပန်ရင်တော့ငါကခွင့်လွှတ်ပါတယ်။"
"အွန်း.."
"မင်းတက်ကမယ့်အချိန်ဇယားနဲ့ဘာသာရပ်တွေကငါနဲ့တူတူပဲနော်..."
"အော်...."
အားလုံးက ဒယ်ဒီကြိုတင်စီစဉ်ထားပြီးသားဆိုတာကိုတော့ထုတ်မပြောဖြစ်တော့ပါဘူး။
-
-
-
"ဒီအခန်းပဲ...""ဟဲ့ဘယ်သူလဲဟဲ့ နေသစ်နဲ့တွဲလာတာက"
"လှလိုက်တာဟယ်..."
"ဒီတစ်ခါတော့မင်းတို့omegaတွေတင်ငမ်းစရာရှိတာမဟုတ်ဘူး ငါတို့Alfaတွေလည်းငမ်းလို့ရပြီကွ"
"ငါတော့ ငမ်းလို့တောင်ရပါ့မလားမသေချာဘူး နေသစ်ကဘယ်တုန်းကခုလိုလိုက်ပို့တာမျိုးလုပ်ဖူးလို့လဲ "
"အေးနော် ဟဲ့မျက်လုံးကအပြာရောင်လေးနော်လှလိုက်တာ"
လူတွေရဲ့တီးတိုးပြောသံတွေကိုကျွန်တော်ကြားနေရတယ်။လူတိုင်းကကျွန်တော့်ကိုမြင်ရင် ကျွန်တော့်ရဲ့ရုပ်ပိုင်းသွင်ပြင်ကိုပဲချီးကျူးကြတယ်။ သူတို့တွေအကုန်လုံးကအပေါ်ယံတွေချည်းပဲ။
"မင်းဒီမှာထိုင်လိုက်..."
"အင်း...ကျေးဇူးပဲ နေသစ်မဟာ"
"မင်းငါ့ကို နေသစ်လို့ခေါ်လို့ရပါတယ်"
"အွန်း...."
"မင်းက အမေရိကားကပြောင်းလာတာဆို"
"အွန်းဟုတ်တယ်..."
"ငါတို့ကျောင်းပြီးဖို့ ၅ လလောက်ပဲလိုတော့တာကိုဘာလို့ခုမှပြောင်းလာတာလဲ။"
"ဒယ်ဒီကဒီကျောင်းကဘွဲ့ရရင်ပိုကောင်းတယ်ဆိုလို့"
"အေးအဲ့တာတော့ဟုတ်တယ် ဒီကျောင်းက Top 1ကိုကွ မင်းအဲ့လောက်အင်္ကျီရှည်ဘောင်းဘီရှည်အထူကြီးတွေဝတ်ထားတာ မအိုက်ဘူးလား"