[Unicode]''You wrap around me and you give me life...And that's why night after night..."
ထိုသီချင်းသံထွက်ပေါ်လာသည်နှင့် စင်အောက်မှ fan များ၏ အော်ဟစ်သံတို့မှာ သီချင်းအသံကိုပင် ဖုံးလွှမ်းသည်အထိ ဆူညံသွားသည်။ Light stick တို့ကိုယမ်းခါရင်း သံပြိုင်ထပ်ထွက်လာသည့်အော်သံက...
'Jeon Jungkook... Jeon Jungkook... Jeon Jungkook...'
Suitအပြည့်အစုံဖြင့် စင်ပေါ်သို့တက်လာသည့် ကောင်လေးတစ်ယောက်။ Fan များအား လက်ပြနှုတ်ဆက်ရင်းလျှောက်လာပြီး စင်အလည်၌ရပ်လိုက်ကာ အရိုအသေပြုသည်။ပြီးမှ Male Idol များရှိရာဘက်ခြမ်းသို့ ပြန်သွားရပ်၏။ထိုအခြေအနေအထိ Fan များ၏အော်ဟစ်သံတို့က မလျော့သွားသလို ထိုလေး၏အပြုံးတို့ကလဲ ပျောက်ကွယ်မသွားခဲ့။
Laptop Screen ထက်မှမြင်နေရသည့် ထိုလှုပ်ရှားမှုတို့အား ကြည့်နေသော အညိုဖျော့ဖျော့မျက်ဝန်းတစ်စုံ။လက်သည်းခွံပေါ် ပန်းကြည်ရောင် base code တင်ထားသောလက်ချောင်းသွယ်တို့ဟာ စားပွဲပေါ်ရှိ ဖန်ပြာခွက်ထဲမှ သောက်လက်စ Marlboro Gold Pack တစ်လိပ်ကိုပြန်ယူသည်။
လက်ချောင်းတွေကြားပါလာသည့် အငွေ့မသေသေးသောစီးကရက်အား နှုတ်ခမ်းလွှာကြားလှလှပပထားရင်းတစ်ချက်ရှိုက်လိုက်သည့်သူ။ ထို့နောက် မျက်နှာအားအပေါ်မော့ကာ အငွ့တို့ကို မှုတ်ထုတ်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ကော့တက်လျက် လှောင်ပြုံးတစ်ခုကိုပုံဖော်၏။
မီးခိုးရောင်နံရံထက်မှ အညိုရောင်သစ်သားဘောင်ထဲ မှန်ခတ်သိမ်းဆည်းထားသည့် ကောင်လေးနှစ်ယောက်ရဲ့ပုံအားအကြည့်တစ်ချက်ရောက်သည်နှင့် ထိုအပြုံးတို့ကကြာရှည်မခံဘဲရုတ်ချည်းပျောက်ကွယ်ပြန်တော့သည်။
ထို့နောက် အသံတို့ဆူညံစွာထွက်ပေါ်နေသည့် Laptop အားပိတ်ချလိုက်သည်။စီးကရက်တစ်ချက်ထပ်ရှိုက်ကာ မျက်ဝန်းတို့ကိုမှိတ်ပစ်ပေမယ့် မဲပြာရောင် Suitနဲ့ကောင်လေးက အာရုံထဲကပျောက်မသွား။
"ကျစ်!..စိတ်ကင်ဆာပဲကွာ"
ညည်းတွားကာပြောမိသော်လည်းသူ့ နှုတ်ခမ်းထောင့်တို့က မဆိုစလောက်ကော့တက်သည်။စီးကရက်ကိုကိုင်လျက် အခန်းဝရံတာဘက်ထွက်လာတော့ ညဦးပိုင်းရဲ့အေးစိမ့်စိမ့်လေများကသူ့ဆံပင်ပွပွတို့အား ကျီစယ်တိုးဝေ့၏။