S2 အပိုင်း ၂၀
စိတ်ကောက်တဲ့နှုန်းကိုတိုင်းတာတဲ့စက်များရှိရင်ဟန်ဘင်းတကယ်ဝယ်ထားချင်မိတယ်။ဘာလို့လဲဆို..ကျန်းဟာအိုဘယ်အချိန်မှာသူ့ကိုစိတ်ကောက်နိုင်လဲသိချင်မိတယ်...။ကျန်းဟာအိုရဲ့တစ်နေ့တာကပုံမှန်ပြန်ဖြစ်သွားပြီး မနက်မိုးလင်းလာလို့ သူ့ရင်ခွင်ထဲကနေ ချစ်စရာကောင်းအောင်နှုတ်ဆက်တတ်ပြီး သူရုံးသွားဖို့ပြင်ဆင်ချက်ပြုတ်ကျွေးတတ်ပြန်သေးတယ်။
ဟာအိုကိုယ်တိုင်လည်းအရင်ကထက် အစားကိုပိုစားလာပြီး အိပ်ချိန်တွေလည်းမှန်လာပြီး သူတောင်မအိပ်ပျော်သေးခင်ဟာအိုကအရင် အိပ်ပျော်တတ်သွားလို့ ရင်ခွင်ထဲ ထည့်ပြီး အနမ်းလေးတွေခိုးပေးရပါသေးတယ်။
ဒါပေမယ့်အလုပ်တစ်ခုပိုလာတာကတော့စိတ်ကောက်တာပါပဲ။အရင်ကသူလည်းအလုပ်ရှုပ်ကိုယ်လည်းအလုပ်ရှုပ်ဆိုတော့ ဒီလောက်စိတ်မကောက်အားတာဖြစ်နိုင်ပါတယ်။အခုတော့အားနေရင် ဟာအိုသူ့မားပါမနေရအောင်ရစ်ပြန်တယ်။သူ့မားနဲ့vcallပြောရင်တကယ်ကိုဂယက်ဆိုတာလည်းခုမှသိရတယ်။
"မားက သားရဲ့မားလား...ဟန်ဘင်းမားလား...ဘာလို့ဟန်ဘင်းဘက်ကလိုက်ပြောပေးနေတာလဲ...''
"သားကလည်း...သားကသားဟန်ဘင်းအပေါ်အရမ်းဆိုးတာကို''
"ဘယ်လိုမား...အဲ့ဒါဆိုဟန်ဘင်းနစ်နာသူဖြစ်ပြီး...သားကလူဆိုးပေါ့...''
"မဟုတ်ရပါဘူးသားရယ်....မားပြောတာအဲ့လိုမဟုတ်ပါဘူး''
"တော်ပါပြီ...ဒီကလူဆိုးကိုစွန့်ပစ်ပြီး...ဟန်ဘင်းကိုသာမားတို့မွေးစားလိုက်ကြပါတော့...''
အဲ့လောက်ကြီးဟာအိုသူ့မားကိုစိတ်ကောက်ပြီး ရစ်နေလို့ဘာကိစ္စတွေများဖြစ်ကုန်ကြတာလဲလို့မေးရင်မေးတဲ့လူအမှားဖြစ်လိမ့်မယ်။သူကုမ္ပဏီကပြန်ရင် Greek yogurtဝယ်ခဲ့ဖို့မှာတာမေ့ပြီးဝယ်မလာမိလို့ မားကိုvcallခေါ်ပြီး သူ့ကိုဂရုမစိုက်တော့ဘူးဖြစ်ကြောင်း သူပြန်လာတော့မယ်ဖြစ်ကြောင်း ဒီလိုသူ့စကားကိုအလေးမထားတဲ့သူနဲ့အတူမနေနိုင်ကြောင်း အကုန်တိုင်ပြီး အခုလိုမားကသူ့ဘက်ပါနေလို့ကတော့ ချော့လိုမပြီးတဲ့ဇာတ်လမ်း တစ်ထောင့်တစ်ညပုံပြင်ထက်ပိုရှည်သွားနိုင်တယ်။