Unicode
အချိန်ကား ညနေ ၅ နာရီခွဲခန့်
ညနေတိုင်းလိုလို နေ၀င်ဆည်းဆာကြည့်ရတာ နှစ်သက်တဲ့ လျှံတစ်ယောက် ဒီနေ့လည်း တစ်ကိုယ်တည်းထိုင်ကာ နေလုံးကြီး ၀င်တော့မယ့် နေ့တစ်နေ့ရဲ့ အဆုံးသတ်ပုံအလှတရားကို ရှုစားဖို့ အသင့်ဖြစ်နေသည်။နေလုံးကြီးက ညနေတိုင်း ဒီနေရာကနေ၀င်သွားတတ်တာမှန်ပေမယ့် နေ၀င်ဆည်းဆာ ရှုခင်းကတော့ လျှံ့အတွက် နေ့တိုင်းကြည့်လည်း ရိုးမသွားသည့် မြင်ကွင်းပင်။ အဆုံးသတ်တွေဟာ အလှပဆုံးဖြစ်နိုင်ကြောင်း နေ၀င်ဆည်းဆာက သက်သေမဟုတ်ပါလား။
ဒီနေ့ လျှံ့စိတ်တွေ ထူးခြားစွာ ပေါ့ပါးပြီး ကြည်လင်နေသည်။ ကောင်းကင်ကြီးမှာလည်း လျှံနဲ့ စိတ်ဆက်နေသလား အောက်မေ့ရလောက်အောင် ကြည်လင်ကာ နေလုံးရဲ့ အရှိန်အဝါကြောင့် ဝါတောက်လို့နေသည်။ တိမ်ကင်းစင်တဲ့ ကောင်းကင်ကြီးကနေ အနောက်အရပ်ကို တအိအိရွေ့လျား ဆင်းကျလာတဲ့ နေလုံးကြီးကိုငေးရင်း လျှံ့ခေါင်းထဲ တစ်စုံတစ်ယောက်က ဖြတ်ပြေးလာသည်။
(ငါညနေ နေ၀င်ချိန် သွားကြည့်ဦးမလို့ မင်းလိုက်ဦးမလား)
(ငါမအားဘူးကွ၊ ဧည့်သည်နဲ့ ချိန်းထားတယ်)
(ပြီးကော)နေ့လည်ကမဏ္ဏိနဲ့စာပို့ထားတာတွေ ပြန်ဖတ်ကြည့်နေမိသည်။ လျှံ့ဘ၀ရဲ့ စာမျက်နှာ အတော်များများမှာ နေရာယူထားတဲ့ မဏ္ဏိဆိုသူ။
"ငါ့ခံစားချက်တွေကို ဒိုင်ယာရီထဲမှာပဲ ချရေးရတာ အားမရတော့ဘူး မဏ္ဏိရာ"
ဖုန်းထဲက နှစ်ယောက်အတူရိုက်ထားတဲ့ selfie ပုံလေးကိုကြည့်ရင်း လျှံ့နှုတ်ခမ်းလေး ဟရုံမျှ ရေရွတ်လိုက်သည်။ ဓါတ်ပုံအတူရိုက်ဖို့ဆို အမြဲ အတင်းဆွဲခေါ်မှ ရတတ်တဲ့ မဏ္ဏိတစ်ယောက် ထိုနေ့က လျှံ selfie ဆွဲနေတုန်း အနားကိုရောက်လာပြီး လျှံ့ပခုံးပေါ် မီအိပ်သလိုဟန်လေးနဲ့ ခပ်ချွဲချွဲ ပိုစ့်ပေးပြနေတုန်း လျှံအမိအရ ရိုက်မိထားလိုက်တဲ့ ရှားပါးပုံလေးဖြစ်၏။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
ꜱᴜɴꜱᴇᴛ, ᴇɴᴅɪɴɢꜱ ᴄᴀɴ ʙᴇ ʙᴇᴀᴜᴛɪꜰᴜʟ ᴛᴏᴏ
FanfictionUnicode လျှံ team ထဲကဘယ်သူမဆို မဏ္ဏိနဲ့လျှံကို Happy Ending ဖြစ်စေချင်ကြမယ်ထင်တယ်။ အစတည်းက HE မဖြစ်နိုင်တဲ့ဘက်ကိုရွေးထားမိတာသိတော့ HE သာမဖြစ်ခဲ့ရင် မဏ္ဏိနဲ့လျှံ နှစ်ယောက်ပဲရှိတဲ့ Happy Ending လေး ကိုယ့်အတွေးနဲ့ကိုယ်ပြန်ဖန်တီးမယ်ဆိုတဲ့အတွေးက တွေးထားပ...