Part 6

9.9K 427 16
                                    

"ကျွီ!"

"လားးးးးလားးးးးလားးးးးးလားးးးး"

ကျွန်တော်တံခါးဖွင့်သံကြားလို့ မိးဖိုချောင်ထဲကနေ အခန်းရှေ့ထွက်လာပြီးကြည့်တော့ ဟို ငကြောင်က သီချင်းတညည်းညည်းနဲ့ ဝင်လာတာကိုတွေ့တော့တာပါပဲ။

"ဟဲ့ရောင် မင်းဘာဖြစ်လာတာလဲ"

"လားးးးးးလားးးးးးးလားးးးးးး"

"ဟာ.....အဲ့အပေါက်ကိုပိတ်ထားစမ်းပါ။
ကျက်သရေအဖြာဖြာတုန်းတယ်။ ကြက်ဖကြီးလည်လိန်ထားတဲ့အသံနဲ့"

"ဟားးးးဟားးးးဟားးး ဒါကတော့ ငါ့လိုဥစ္စာပေါရုပ်ချောလေးက အချစ်စစ်နဲ့တွေ့လာလို့လေ"

"ဘာ!!!! ဟဲ့ရောင် မင်း ရည်းစားရလာပြီလား"

"Yes !"

"ဟဲ့ရောင် ဘယ်ကလည်း ဟိုကျောင်းသားအသစ်လေးလား"

"ကျောင်းသားအသစ်လို့မခေါ်ပါနဲ့ကွ သူ့မှာနာမည်ရှိပါတယ် Rue တဲ့"

"မသိချင်ပါဘူး ဒါနဲ့ မင်းတို့သိတာနှစ်ရက်တောင်မပြည့်သေးဘူးလေကွာ"

"နှစ်ရက်မပြည့်လဲ နှစ်သက်စာလောက်ချစ်မိနေပြီ"

"ရွံစရာကြီးကွာ သူကမင်းနဲ့တွဲဖို့သဘောတူလို့လား "

"ဟမ် ဟုတ်သားပဲ ငါ မမေးလိုက်ရဘူးကွ"

"ဘာကွ အဲ့တာနဲ့များရည်းစားရလာပြီတဲ့ ဟားးးးးဟားးးးဟားးးးး"

"ဟဲ့ရောင် ငါသူနဲ့နမ်းလာတာကွ သူ့နှုတ်ခမ်းလေးတွေကနူးညံ့နေတာပဲ"

"တကယ်ကြီး နမ်းလာတာလား အာ့ဆိုနောက်ကြဘာဆက်ဖြစ်သွားလို့ မင်းကတွဲဖို့တောင်မမေးလိုက်ရတာလဲ"

"ငါနဲ့နမ်းပြီးတော့ သူရှက်သွားတာလားမသိပါဘူးကွာ စောင်ကြီးခေါင်းမှီးခြုံပြီး ငါ့ကိုကျောပေးသွားတာပဲ။"

"ဘာ!!မင်းတို့ကအိပ်ရာထဲပါရောက်သွားတာလား မထင်ရဘူးနော်"

"ဟာ...ပေါက်ကရ သူနေမကောင်းလို့ကျောင်းဆေးခန်းရောက်သွားတာ။"

"အော် ဒါဆိုကျောင်းဆေးခန်းဖူးစာပေါ့ ဒါနဲ့သူကကျောင်းဆေးခန်းဘာလို့ရောက်သွားတာလဲ။"

LOVE POISON { Season 1 }Where stories live. Discover now