စမ်းချောင်းေလးဘေး အနီးတစ်ဝိုက်တွင်
အရိပ်ကောင်းကောင်း ရသော သစ်ပင်ကြီး
တစ်ပင် ရှိလေသည်။ ထိုသစ်ပင်ကြီးအောက်
ရှိ စိမ်းစိုနေေသာ မြက်ခင်းစိမ်းပေါ်တွင် အနီ
နှင့် အဖြူ ေရာစပ်သည့် အခင်းကြီး တစ်ခုကို
ခင်းထားပြီး ထိုအပေါ်တွင် မင်းသမီး Freen
နှင့် သူမ၏ ချစ်ရပါသော Rebecca တို့ဟာ
လှဲလျောင်းလျက် ရှိသည်။သူမတို့ ရှိနေသည့်
နေရာလေးဟာ သစ်ပင်ကြီးများနှင့် ဝန်းရံ
အုပ်ဆိုင်းထားပြီး အရိပ်များစွာ ကျနေသလို
စမ်းချောင်းလေး၏ တည်ရှိမှုကြောင့်လည်း
စိတ်ကြည်လင်အေးမြမှု ခံစားရစေနိုင်သည်။Freen ဟာ သူမယူလာခဲ့တဲ့ ခြင်းတောင်း
လေးထဲမှ ရှန်ပိန် အရက်ပုလင်းတစ်လုံးနှင့်
ဖန်ခွက်နှစ်ခွက် အပြင် သစ်သီးပန်းကန်
တစ်ချို့ကို ခင်းကျင်းထားလေသည်။ Freen
ဒီနေ့ ချိန်းတွေ့မှုအတွက် ရှန်ပိန်ကို ယူလာခဲ့
သည့် အကြောင်းမှာ Bec လေးဟာ အရွယ်
ရောက်ပြီးကတည်းက အရက်ယမကာကို
မမြည်းစမ်းဖူးတာကြောင့် ပူဆာထားလို့ပင်
ဖြစ်သည်။Rebecca က သူမ၏ ရှန်ပိန်ခွက်လေးကို
စမော့သောက်လိုက်ရင်း မျက်နှာလေးတော့
တစ်ချက် မဲ့သွားသည်။ ထို့နောက်တော့
သဘောကျစွာဖြင့် ပြန်ပြုံးလိုက်သည်။" ဒါက ရှန်ပိန်အရသာပေါ့လေ .."
" အင်း .. Bec လေး သောက်ရတာ
အဆင်ပြေရဲ့လား ? .."" ကျွန်မ အဆင်ပြေပါတယ် .. Freen
အခုလို သောက်လိုက်ရပြန်တော့လည်း
ကိုယ့်ကိုယ်ကိုယ် တကယ် အရွယ်ရောက်
လာပြီလို့ ခံစားေနရတယ် .."Freen ဟာ Rebecca ကို ပြုံးလျက်
ကြည့်နေသည်။" ငယ်ငယ်က အဖေက ပြောဖူးတယ်
ကျွန်မအရွယ်ရောက်လာတဲ့ တစ်နေ့ကျရင်
သူနဲ့ အတူ အရက်သောက်ကြမယ်တဲ့ ..
လူအများအမြင်မှာေတာ့ မိဘတစ်ယောက်
အနေနဲ့ ကိုယ့်သမီးလေးကို မပြောသင့်တဲ့
စကားပေါ့ ..
ကျွန်မ မှတ်မိရသလောက်
ကျွန်မက ဓားလိုချင်တယ် ဆိုတော့
အလုပ်များနေတဲ့ ကြားက သစ်သားဓား
ကောင်းကောင်းတစ်ချောင်းကို
သူကိုယ်တိုင် အချိန်ပေးလုပ်ပေးခဲ့ဖူးသလို
ကျွန်မ လိုချင်တဲ့ ဂါဝန်လှလှလေးတေွကို
ဝယ်ေပးဖို့ဆိုလည်း သူကိုယ်တိုင် ဆိုင်ကို
အမြဲလိုက်ပို့ပေးခဲ့ဖူးတယ် ..
YOU ARE READING
The Moon & Her Royal Sun
Historische Romane" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )