ပိုးသတ်ဆေးအနံ့တွေ လူနာပေါင်းစုံ ဆရာဝန်
သူနာပြုတွေ ပြည့်နှက်တဲ့ ဆေးရုံဝန်းထဲ..။
ဆေးရုံအဆောက်အဦးရဲ့ တတိယထပ်က
184ဆိုတဲ့ အခန်းနံပါတ်မှာရှိတဲ့ ကောင်လေးကတော့
အထီးကျန်စွာပဲ..။
_______________________ဘယ်လောက်တောင် မွန်းကျပ်ဖို့ကောင်းတဲ့နေရာလဲ..
စိတ်ညစ်လိုက်တာ ဒီရောဂါကြီးက ဘာလို့ငါ့ဆီ
ရောက်လာရတာလဲ..။ သွေးကင်ဆာဆိုပဲ..။ပြီးတော့
ငါ့ဘယ်လောက်မှနေရတော့မှာ မဟုတ်ဘူးတဲ့..။
ဒီရောဂါကြောင့်
ငါမြတ်နိုးရတဲ့ အဆိုတော်ဆိုတဲ့ အလုပ်ကို အကောင်
အထည်မဖော်နိုင်တော့ဘူး..။" သားgem မာမီ မုန့်ဝယ်လာတယ်
နည်းနည်းစားပြီး ဆေးသောက်ရအောင်.."ထုံးစံတိုင်း မာမီကတော့ ဆေးတွေသောက်ဖို့
တိုက်တွန်းနေပြီလေ..။ မသောက်ချင်ပါဘူး
သောက်လဲသေရမှာကို..ဘာလို့သောက်နေတော့မှာလဲ..။" မသောက်ချင်ဘူး.."
" မုန့်စားပြီးဆေးသောက်ရအောင်Gem.."
" ကျွန်တော်မသောက်ချင်ပါဘူးဆို..အဟွတ်..အဟွတ်.."
မုန်းလိုက်တာ ချောင်းဆိုတာကို တစ်ခါချောင်းဆိုးတိုင်း
သွေးတွေကရဲရဲနီပဲထွက်ကျလာသည်..။ ဒီဝေဒနာကို
ခံစားနေမဲ့အစား အိပ်ပျော်ပြီးတော့ပဲ
သေသွားချင်မိတယ်..။" သားရရဲ့လား မာမီဒေါက်တာကို
သွားခေါ်ရမလား.."" ဟင့်အင်းမခေါ်နဲ့ရတယ်.."
ဆေးသောက်ဖို့လုပ်တိုင်း မာမီနဲ့ငါ အခြေအတင်ဖြစ်သည်..။ မာမီသည် မငြူးငြူစွာပဲ
ဆေးကိုရအောင်တိုက်သည်..။ နောက်ဆုံး
ငြင်းလို့မရတာတော့တာကြောင့် အစားအနည်းငယ်
စားလိုက်ပြီး များပြားလွန်းလှတဲ့ ဆေးလုံးတွေအား
ရေနဲ့အတူမျောချလိုက်သည်..။ဆေးသောက်ပြီးတာနဲ့ ဒီကုတင်ပေါ်မှာ ဘာလုပ်ရမှာလဲ..။
ဖုန်းလဲမကြည့်ချင်ဘူး..။ မာမီကတော့ ညမိုးချုပ်နေပြီ
ဖြစ်တာကြောင့် ဆိုဖာပေါ်မှာ အိပ်ပြီလေ..။
ကုတင်ဘေးကနေ ပြတင်းပေါက်အား လှမ်းကာ
ကြည့်လိုက်တော့ သူနာပြုတွေ လူနာတွေ ဆရာဝန်တွေဟာ အပြေးအလွှားဖြင့် အလုပ်ရှုပ်နေသည်..။