Arc 2. 14
အခန်းတံခါးဖွင့်သံအနောက်မှာ..
"ဆုကီ..."
ဂျွန်ကယူဘိကိုချီရင်းဆုကီနဲ့မိတ်ဆက်ပေးသည်။"ဒါက ဘေဘီရဲ့ အငယ်ဆုံးအမွှာလေး"
ဆုကီက ကလေးရဲ့ငိုနေတဲ့မျက်နှာကြောင့်သနားသွားကာ...
"သူ့အခြေအနေကအတော်ဆိုးနေတာပဲ ဒါပေမဲ့ ဘိုးဘိုးတွေလာရင်သက်သာသွားမှာပါ နော်"
ကလေးရဲ့လက်ကိုကိုင်ကာနှစ်သိမ့်ချင်ပေမဲ့ဂျွန်ကခွင့်မပြုပေ။"ဆုကီ သူကအလျင်မြန်ဆုံးအသွင်ပြောင်းနေတယ်အကယ်၍အကူအညီသာအမြန်မရရင် ... "
ဆုကီကသူ့သားဘာကိုဆိုလိုမှန်းနားလည်သည်။ သူ့ကလေး၂ယောက်ကဒီလိုဖြစ်ဖူးလို့ပင်။ ထိုအချိန်တုန်းကသူတို့ရဲ့အဖေတွေကသူ့ကိုမထိခိုင်းခဲ့ပေ။
ပြီးပြည့်စုံစွာအသွင်ပြောင်းပြီးရင် ဗြုန်းစားကြီး အရိုင်းကောင်ဖြစ်သွားနိုင်သည်။ ဒီကလေးကအချိန်တိုအတွင်းပြီးပြည့်စုံစွာအသွင်ပြောင်းနိုင်သည်။ သူကဇာဂ့်သွေးပါသူမဟုတ်တာမို့ ထိခိုက်မိတာခြစ်မိတာရှိလျှင်ပင် သူ့ကိုအသွင်ပြောင်းစေနိုင်သည်။ သို့မဟုတ် ဖုတ်ကောင်ဆိုတဲ့ဆာလောင်နေတဲ့မကောင်းဆိုးဝါးဖြစ်စေလိမ့်မည်။ ဇာဂ့်အရိုင်းကောင်တွေကဆိုးသွမ်းသည်။ သာမာန်အရိုင်းကောင်တွေကဉာဏ်ရည်နိမ့်ပါးကြသည်။ မျိုးစပ်တွေသာပြောင်းလဲသွားရင်အခြေအနေကအရမ်းခက်ခဲကုန်မှာ။
ဇေးကခေါင်းညိတ်သည်။ သူကအာခိရိုကိုအမှန်တိုင်းမပြောခဲ့ပေ။ အကယ်၍ ကလေးတွေသာအချိန်မမှီဘဲ ပြောင်းလဲသွားမယ်ဆို အာခိရိုကိုလိမ်ညာပြီး စိတ်သက်သာရာရအောင်ပြုလုပ်လို့ရလိမ့်မည်။
"အကို ဇာဂ့်သားပေါက်တွေအတွက်ရောင်းချတဲ့ နို့ဗူးပါလား? ယူဘိကနို့သောက်ချင်ပေမဲ့ အဆင်မပြေဘူး"
သူ့သားကသူ့အိမ်ထောင်ဖက်ကိုထိခိုက်စေဖို့မလိုလားပေ။ ဒါမို့သူပဲအနီးကပ်စောင့်ကြည့်ဖို့လိုသည်။
"ကျန်တဲ့၂ယောက်ကအချိန်ဘယ်လောက်လိုလဲ"
"အပြည့်အဝအသွင်ပြောင်းဖို့က ပထမက၁လ ဒုတိယက၃လ လောက်ပါ"
အချိန်ရသေးတာမို့ ဆုကီသက်ပျင်းချမိသည်။ ဒီပေမဲ့ယူဘိကတော့ ဘုရားပဲဆုတောင်းမှရတော့မည်။
YOU ARE READING
I am A System 30 (series-2) Arc-2
Novela JuvenilU ဘာမှန်းမသိတဲ့အပြစ်တွေကြောင့်hostပေါင်းများစွာနှင့်ကိုယ်တွယ်လက်တွဲနေရ သည့်system30 အမြဲကလိန်ကကျစ်ကျလွန်းလို့မှတ်ဉာဏ်အဖျက်ခံထားရသည့်host Mature onထားပါတယ်နော် .... ×ကျွန်တော်တို့က တစ်ယောက်ထဲအပေါ်မှာသစ္စာရှိပါမယ်... ×သူကလွဲပြီးတခြားသူထိလို့မရတာဘာကြော...