ဂယူဗင်းက မထင်မရှားကျွန်း
မြို့လေးတစ်မြို့မှာနေတယ်။ဘိုးဘိုးကိုကူတယ်၊စက်ဘီးစီးတယ် အားရင်
စာအုပ်ဆိုင်ကိုသွားတယ်။ မြို့လေးကကျွန်းပေါ်မှာရှိတော့ အများကြီးမဖွံ့ဖြိုးဘူး။ ဖုန်းဆိုတာလည်း ကြိုးဖုန်းပဲရှိတယ်။ ဖုန်းလိုင်းတွေကလည်း
သိပ်မကောင်းဘူးလေ။ တီဗီဆိုတာကြီးတောင်
မြို့လယ်က ဦးလေးကြီး အိမ်မှာပဲရှိတာ။အားလပ်ချိန်တိုင်း ဂယူဗင်းက စာဖတ်နေတာနဲ့ပဲ
အချိန်ကုန်ဖြစ်တယ်။ ကြိုက်တဲ့စာအုပ်တွေ့ရင်
ငှားပြီး မြို့အစွန်က တောင်ကုန်းပေါ်မှာ
သွားထိုင်ဖတ်တယ်၊ပင်လယ်ကလာတဲ့
လေညင်းလေးတွေက တဖြူးဖြူး။ဂယူဗင်းအတွက်တော့ မှုခင်း၀တ္ထုတွေထက်
ဘယ်အရာကမှ စိတ်၀င်စားဖို့ကောင်းတယ်လို့
မထင်ဖူးဘူး။စာရွက်ရဲ့ အနံ့လောက်
ဘာကမှ မွှေးတယ်လို့ မတွေးကြည့်ဖူးဘူး။
ပင်လယ်ကြီးလောက် ဘယ်အရာကမှ
လှတယ်လို့ မတွေးဖူးဘူး။ဘိုးဘိုးကို
ချစ်သလောက် ချစ်ရမဲ့ သူရှိလာမယ်လို့
မစဥ်းစားဖူးဘူး။တစ်နေ့မှာပေါ့။ မှုခင်း၀တ္ထုတွေထက်၊စာရွက်ရဲ့
အနံ့ထက်၊ပင်လယ်ကြီးထက် ဂယူဗင်းအပေါ်
သိသိသာသာလွှမ်းမိုးလာနိုင်တဲ့သူကို
လောကကြီးက ခေါ်ဆောင်လာခဲ့တယ်။1.
ဂယူဗင်းက နေ့တိုင်း ဘိုးဘိုးနှင့် အတူ
လယ်ကွင်းထဲသွားတယ်။ပြီးရင်
စက်ဘီးတစ်စီးနဲ့ စာအုပ်ဆိုင်ကိုသွားတယ်။တစ်ရက်မှာ ထူးထူးဆန်းဆန်း ကြည့်ကောင်းတဲ့
လူတစ်ယောက်ကို ဂယူဗင်းတွေ့ခဲ့တယ်။
ဒီမြို့နဲ့ မလိုက်ဖက်တဲ့သူတစ်ယောက်ကိုပေါ့။
ဆံပင်တွေက သဘာ၀အရောင်အတိုင်းမရှိဘူး။
ရွာထိပ်က အဘွားဆွန်းမီ လို ဆံပင်အရောင်နဲ့။"ဟေ့လူ အဲဘက်မှာ လယ်ကွင်းတွေပဲရှိတယ်၊
လူနေအိမ်တွေဘက်သွားချင်ရင် ကျွန်တော်နဲ့
လိုက်ခဲ့"စေတနာတွေ ရေစီးကမ်းပြိုလိုက်မိတဲ့အကျိုးကျေးဇူးကတော့ ဂယူဗင်းက သူ့ကို
တင်နင်းလိုက်ရတာပါပဲ။