💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}
{အခန်း၁၀}
"မိုးထိကမ်းနား နာသွားတာလား တစ်ကယ်နာသွားတာလား"
လူးလိမ့်၍အော်နေသည့်မိုးထိကမ်းနားရဲ့ပုံစံကိုကြည့်ရင်းဖွဲ့ပျာယာခတ်သွားမိသည်။
"မိုးထိကမ်းနားရရဲ့လား!!..နာသွားလားလို့"
မိုးထိကမ်းနားကပြန်မဖြေပဲဒူးကိုကွေးကာမျက်နှာကိုငုံ့ထားသည်။
"မိုးထိကမ်းနားရရဲ့လားလို့!!..."
ဖွဲ့တတ်နင်းလိုက်တာအားပါသွားသည်ထင်ပါသည်။ပြန်ပင်မဖြေနိုင်တော့သည်အထိ မိုးထိကမ်းနားကလူးလိမ့်နေတော့သည်။
"မိုးထိ!!..အို!!..."
ဖွဲ့မျက်နှာကိုအတင်းတိုးကပ်၍မေးလိုက်တော့ ဖွဲ့ခန္ဓာကိုယ်လေးအားရုတ်တရက်ဆွဲချလိုက်သည်မို့ သူ့ပေါ်ထပ်၍လဲကျသွားရသည်။
"ဘာလုပ်တာလဲဖယ်!!..."
"မဖယ်ဘူး မင်းကြောင့်ငါအတော်နာသွားလို့အပြစ်ပေးတာ"
"ဟင်!.."
တင်းကျပ်စွာပွေ့ဖက်လာရင်းဖြင့် ဖွဲ့မျက်နှာကိုစူးစိုက်ကြည့်နေသည့်အကြည့်များက ရင်ခုန်သံတွေမြန်ဆန်စေသည်။
"ငါမင်းကိုချစ်တယ်ဖွဲ့နွှဲ့မမှီ!!..."
ခပ်တိုးတိုးလေသံဖြင့်ပြောလိုက်တော့ဖွဲ့မျက်နှာလေးဟာရဲခနဲပင်။
"မိုးထိကမ်းနား ငါညီမလေးဆီသွားချင်တယ် လိုက်ပို့!!..."
စကားလမ်းကြောင်းလွှဲလိုက်တော့ သူမျက်ခုံးအစုံကိုတွန့်ချိုးရင်း အလိုမကျဖြစ်သွားသည်။
"ငါမင်းကိုချစ်တယ်လို့ပြောနေတယ်လေ"
သူ့အသံကအနည်းငယ်ခက်ထန်လာသဖြင့် ဖွဲ့ခေတ္တမျှငြိမ်သက်သွားရသည်။
"နင်ပြန်လာရင်ညီမလေးဆီလိုက်ပို့မယ်ဆို ငါသွားချင်တယ်လိုက်ပို့ပါ"
အတင်းဖက်ထားသည့်သူ့လက်ထဲမှဖွဲ့ဇွတ်အတင်းရုန်းထလိုက်ရင်း အဝတ်စားလဲရန်အတွပ်ဗီရိုဆီလျှောက်လာခဲ့သည်။
ESTÁS LEYENDO
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}
Romance"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"