Part 1

993 42 13
                                    

"မိုးသဲ"ဆိုတဲ့ နာမည်နဲ့လိုက်အောင် သောင်းကျန်းလွန်းတဲ့ ကလေးတစ်ယောက် ။

ဒီကလေး မွေးတဲ့နေ့မှာ မိုးတွေသည်းသည်းမဲမဲရွာခဲ့တယ် ။

မိုးတွေရွာလို့ June / July လို မိုးတွင်းကာလမဟုတ် February 14 ရက်နေ့သာ ။

မိသားစုတစ်ခုလုံးရဲ့ အသည်းအသက်ကလေးဆိုလဲ မမှားပေဘူး ။

အလိုလိုက်ခံထားရတဲ့ ကလေးငယ်ဟာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတော့တယ် ။

ကျောင်းတက်တဲ့အရွယ်ရောက်လာတော့လဲ ဒီကလေးငယ်ဟာ ခေါင်းမာလွန်းပြီး ဂျစ်ကန်ကန်လုပ်လွန်းတာကြောင့် ဆရာ/ဆရာမတွေ လက်ဖျားခါကြရတယ် ။

ဉာဏ်ကောင်းသော်လဲ အပျင်းကျတတ်သေးတယ်လေ ။

ဒီလိုနဲ့ 5တန်းရောက်လာတဲ့အခါ မိုးသဲတစ်ယောက် ‌စာစိတ်မဝင်စားဘဲ ရည်းစားဘက် အာရုံစိုက်လာခဲ့သည် ။

ရွယ်တူတွေထဲမှာ အရပ်ကအရှည်ဆုံး အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေးနဲ့ cute type လေးဖြစ်နေတော့ ကောင်လေးတွေရဲ့ အသည်းကျော်လေး ဖြစ်နေခဲ့တယ်။

မိုးသဲဟာ အဲ့ဒီအရွယ်ကတည်းက ပုရိသတွေရဲ့ အသည်းကို ခွဲနိုင်ခဲ့တယ် ။

တစ်ရက်တော့..........

မိုးသဲတို့ အတန်းပိုင်အဖြစ် ဆရာမအသစ်ရောက်လာခဲ့တယ် ။

ဘယ်တော့မှ အချိုးမပြေတဲ့ မိုးသဲဟာ ဆရာမအသစ်နဲ့ ပထမဆုံးတွေ့ဆုံတဲ့ နေ့မှာဘဲ ပြဿနာက စ ခဲ့လေတယ် ။

"ဆရာမ ဆရာမ ဟိုမှာ ရန်ဖြစ်နေကြတယ်"

"အေး အေး ဆရာမ လာခဲ့မယ် "

"ရပ်ကြစမ်း"

"ရပ်ကြလို့"

"နင်တို့ ဘယ်အတန်းကလဲ "

"ကျွန်တော်က 8တန်းကပါ ဆရာမ"

"ဟိုကောင်မလေး နင်ကရော"

"ကျွန်တော်က 5တန်းကလေ ဆရာမ ဘာလုပ်မလို့လဲ"

"ဘာမှမလုပ်ဘူး မင်းအတန်း မင်းသွားတော့"

"ဟို ကောင်လေးက ငါနဲ့ လိုက်ခဲ့ ဆရာ/ဆရာမ နားနေဆောင်ကို"

"ဟုတ်ကဲ့ပါဆရာမ"

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

ဓူဝံကြယ် တီချယ်Where stories live. Discover now